
တစ်ကားလုံး အူတွေအသည်းတွေယားပြီး ကြည့်ရှုရမဲ့ သွေးထွက်သံယိုသည်း ထိပ်ရင်ဖိုဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်က The Demon Disorder ဖြစ်ပြီး လက်ရှိ IMDb Rating 5.0 အထိရရှိထားပါတယ်။ ဒီဇာတ်လမ်းရဲ့သည်းထိပ်ရင်ဖိုအမျိုးအစားက သရဲတွေလိုမျိုး မဟုတ်ဘဲ မကောင်းဆိုးဝါး ကပ်ပါးကောင်းပုံစံမျိုးဖြစ်ပါတယ်။ ပျင်းလည်းပျင်း Horror ကားလည်းတောင့်တနေတယ်ဆိုရင်တော့ ဒီကားလေးကိုကြည့်ဖို့ညွှန်းပေးလိုက်ချင်ပါတယ်။ ဒီဇာတ်လမ်းကိုဂရေဟမ် ဂျိတ်နဲ့ ဖေးလစ်တို့ညီအစ်ကို ၃ ယောက်နဲ့ သူတို့အဖေနဲ့ရှိခဲ့ဖူးတဲ့အရင်က အတိတ်အကြောင်းတွေကို အခြေခံပြီး ဇာတ်အိမ်တည်ထားတာတွေ့ရမှာဖြစ်ပါတယ်။ သူတို့အဖေမဆုံးပါးခင်တုန်းက လုံး၀ဖြေဆေးမရှိတဲ့အပြင် အရမ်း ကြောက်စရာကောင်းတဲ့ကပ်ရောဂါဆိုးကြီးတစ်ခုဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့သူတို့ အဖေဆုံးပါးပြီးတဲ့နောက်မှာ အဲ့ဒီရောဂါဆိုးကြီးက ပြီးသွားလားဆိုတော့လည်း မပြီးသေးပါဘူး။ဖေးလစ်ဆိုတဲ့ ညီအငယ်ဆုံးဆီကို အဲ့ဒီရောဂါကပြောင်းရွှေ့လာခဲ့ပါတော့တယ်။ ဂရေဟမ်က အဲ့ဒီဖိအားတွေကိုမခံနိုင်တော့ပဲ အိမ်ကနေထွက်လာပြီး တခြားတစ်နေရာမှာစက်ပြင်ဆရာသွားလုပ်နေပါတော့တယ်။ ဒါပေမယ့် အိမ်မှာကျန်ခဲ့တဲ့ညီအစ်ကို ၂ ယောက်ကြားမှာ အခြေ အနေတွေကပိုဆိုးလာတဲ့အခါမှာတော့ ဂျိတ်က ဂရေဟမ့်ကို အကူအညီလာတောင်းရပါတော့တယ်။ဒီလိုနဲ့ ညီအစ်ကို ၃ ယောက် ပြန်လည်ဆုံစည်းခဲ့ကြပြီး သူတို့ညီအငယ်ဆုံး ဖေးလစ်ဆီမှာ ကပ်တွယ်နေတဲ့ ရောဂါဆိုးကြီးကဘာလဲဆိုတာကိုအဖြေရှာပြီး နှိမ်နင်းနိင်ကြမလားဆိုတာကို အသည်းတယားယားနဲ့ကြည့်ရမဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.57GB / 736MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.57GB | Download | |
| 1080p | 1.57GB | Download | |
| 1080p | 1.57GB | Download | |
| 1080p | 1.57GB | Download | |
| 720p | 736MB | Download | |
| 720p | 736MB | Download | |
| 720p | 736MB | Download | |
| 720p | 736MB | Download | |
| 720p | 736MB | Download | |
| 720p | 736MB | Download |
ထုတ်လွှင့်သည့်နေ့
August 16, 2024
ကြာချိန်
1h 26m
အဆင့်သတ်မှတ်ချက်
5.0 / 10
Director
Steven Boyle