
The Cure (1995) IMDb Rating (7.7) / Rotten Tomatoes (45%) ဒီကားလေးကတော့ Monster ( 2023 ) လို Vibe လေးရစေမယ့်ကားလေးပါ။ ကြည့်ပြီးရင် ရင်ထဲမှာ ဟာတာတာကြီးကျန်ခဲ့ပြီး တစိမ့်စိမ့်တွေးမိနေမယ့် ကလေးနှစ်ယောက်ကြားက ဖြူစင်တဲ့ခင်မင်မှုလေးပေါ့။ ဇာတ်လမ်းလေးကကျ ဒက်စ်တာဆိုတဲ့ကောင်လေးက ကလေးဘ၀တုန်းက သွေးပြောင်းသွင်းရင်းကနေ AIDS ရလိုက်တာ။ အခြားကလေးတွေနဲ့လည်းအတူမဆော့ရပဲ တစ်ယောက်တည်းနေရင်းကနေ တစ်နေ့ကျ အိမ်ပြောင်းတော့ အဲရစ်ဆိုတဲ့ ဘေးအိမ်က ကောင်လေးနဲ့ခင်မင်သွားကြတယ်။ အဲ့ဒီခေတ်က AIDS ဆိုတာက Gay တွေမှာအဖြစ်များတာမို့ ဒက်စ်တာကအမြဲတမ်းအဲ့တာကြောင့်အနိုင်ကျင့်ခံရတာတွေကို အဲရစ်က ကာကွယ်ပေးလေ့ရှိတယ်။ ဒက်စ်တာရဲ့ရောဂါပျောက်ဖို့အတွက် ကုသဆေးကိုရအောင်ရှာမယ်လို့ အဲရစ်က ဆုံးဖြတ်လိုက်ပြီး ဆေးရှာပုံတော်ဖွင့်ကြပါတော့တယ်။ မိသားစုနဲ့အတူလည်းကြည့်လို့ရပြီး ကြည့်မိလို့နောင်တရမယ့် ကားမျိုးမဟုတ်ပါဘူး။ 1995 ကကားလေးပေမယ့် ဒီလိုကားလေးတွေကြိုက်ရင် ရွှေပါပဲ။ ရောဂါသည်ကောင်လေးနဲ့ အိမ်တွင်းရေးမကောင်းတဲ့ကောင်လေးနှစ်ယောက်ရဲ့အမြင်ဘက်ကနေ ကလေးအတွေးလေးနဲ့ ဆေးရှာဖို့ ဘယ်လိုတွေစွန့်စားခန်းဖွင့်ပြီး ဘယ်လိုမျိုးလေးအဆုံးသတ်သွားမလဲ ကြည့်ကြည့်လိုက်ကြနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size…(1.9 GB) / (1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure, Drama, Family Duration….01:38:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Phu Thet Khin
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.9 GB | Download | |
| 1080p | 1.9 GB | Download | |
| 1080p | 1.9 GB | Download | |
| 1080p | 1.9 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download |