
ဒီကားကတော့ ဒါရိုက်တာ Sean Nichols Lynch ရိုက်ကူးထားပြီး Chad Westbrook Hinds, John Laird, Raul Delarosa တို့က အဓိကပါဝင် သရုပ်ဆောင်ထားတဲ့ Psychological Thriller အမျိုးအစားဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ရှေးဟောင်းအီဂျစ်လူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေကို အခြေခံထားတဲ့ ကိုးကွယ်မှုအသစ်ကို ယုံကြည်သက်ဝင်သူတွေဆီ သွားပြီးတော့ မှတ်တမ်းဗီဒီယို ရိုက်ကူးမယ့် Youtuber တစ်ဦးအကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ကိဒ်ဆိုတဲ့ Youtuber တစ်ယောက်က လက်ထပ်ပြီးတာတောင် မမေ့နိုင်သေးတဲ့ ရည်းစားဟောင်းဆီကနေ အီးမေးလ်တစ်စောင်ရခဲ့ပါတယ်။ ဒါပေမယ့် စာကိုရပြီးနောက်မှာတော့ ရုတ်တရက်အဆက်အသွယ် ပြတ်သွားခဲ့ပါတယ်။ သူမက သူ့ကိုပစ်သွားခဲ့ပြီးတော့ ရှေးဟောင်း အီဂျစ်သက်ဝင်ယုံကြည်တဲ့အဖွဲ့ထဲကို ဝင်သွားခဲ့တဲ့သူပါ။ သူမရဲ့စာထဲမှာ အနူးဘစ်လို့ခေါ်တဲ့လူအကြောင်းရေးထားခဲ့ပြီးတော့ ကိဒ်ကကောင်မလေးအန္တရာယ်ကြုံနေပြီလို့ ထင်နေတဲ့အပြင် အနူးဘစ်ကိုပါ သံသယဝင်နေခဲ့ပါတယ်။ အဲဒီနောက်မှာ အနူးဘစ်ဆီကနေ သူတို့အဖွဲ့နေထိုင်ရာဆီကို မှတ်တမ်း လာရိုက်ဖို့ ဖိတ်ခေါ်စာရောက်လာတဲ့အချိန်မှာတော့ ရည်းစားဦးကို မမေ့နိုင်သေးတဲ့ကိဒ်တစ်ယောက် ကောင်မလေးအတွက်စွန့်စားပြီး သွားရောက်ရိုက်ကူးဖို့ ဖြစ်လာပါတယ်။ အီဂျစ်ယဉ်ကျေးမှုတွေကို ကိုးကွယ်နေတဲ့ဒီအဖွဲ့မှာ ဘယ်လိုမျိုး လျှို့ဝှက်ချက်တွေ ရှိနေတာများလဲ….. လူတွေပျောက်သွားတာရော ဘာကြောင့်ဖြစ်နေမလဲ…. ဒါတွေကိုအဖြေရှာရမယ့်အပြင် ဒဏ္ဍာရီလာမမ်မီတွေနဲ့ ပတ်သက်တာတွေလည်း ထည့်သွင်းရိုက်ကူးထားလို့ ထိတ်လန့် ခြောက်ခြားဖွယ်ရာကြည့်ရှုရမှာပါ။ File size… (1.43 GB) / (735 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 10m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K