
ခရစ္စမတ်မှာ ရုပ်ရှင်သစ်ကြည့်ဖို့ရှာနေတဲ့ ပရိသတ်ကြီးအတွက် ရုံတင်ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဟာ့ဒ်မန်းမောင်နှမတွေဟာ အဆိုးဆုံးကလေးတွေလို့ သမုတ်ခံရ လောက်အောင်ကို ဆိုးရွားလွန်းလှတဲ့ ပြဿနာအိုးလေးတွေပါ။ ဟာ့ဒ်မန်းတွေ လာပြီဟေ့လို့ ကြားလိုက်တာနဲ့ ကလေးလူကြီးအစ ခွေးတိရစ္ဆာန်အဆုံး ဝေးဝေးကရှောင်ကြရတဲ့အထိ လက်ဖျား ခါအောင်ဆိုးကြပါတယ်။ အဲဒီမောင်နှမတွေထဲက အဆိုးတကာ့ ထိပ်ခေါင် ကလေးခေါင်းဆောင်ကတော့ အင်မိုဂျင်းဟာ့ဒ်မန်းပါ။ မြို့ရဲ့ဘုရားကျောင်းကတော့ ခရစ္စမတ်ရာသီမှာ နှစ်စဉ်ကျင်းပနေကျ ခရစ္စမတ် ပြဇာတ်ပွဲကျင်းပဖို့စီစဥ်နေကြတဲ့အချိန်ပါ။ ဘုရားကျောင်းမှာ မုန့်အလကားစားရတယ်ဆိုတဲ့ သတင်းကြားလို့ တိုက်တိုက်ဆိုင်ဆိုင် ဘုရားကျောင်းရောက်ချလာတဲ့ ဟာ့ဒ်မန်း မောင်နှမတွေဟာ ခရစ္စမတ်ပြဇာတ်ထဲ ပါဝင်သရုပ်ဆောင်ကြဖို့ အတွက်ဖြစ်လာပါတော့တယ်။ ပြဿနာအိုး ဟာ့ဒ်မန်းမောင်နှမတွေ ဒီခရစ္စမတ်ပြဇာတ်ကြီးမှာ ဘယ်လိုအလွဲတွေနဲ့ပါဝင်သွားမလဲဆိုတာကို ဟာသလေးတွေနဲ့ ကြည့်ရှုရမှာပါ။ rating အနေနဲ့လည်း ခရမ်းချဉ်သီးပုပ်မှာ 91%အထိရရှိထားတဲ့ ကားမို့ ဒီရုပ်ရှင်ကားလေးကိုခရစ္စမတ်အမီ watchlist ထဲထည့် ထားဖို့ တိုက်တွန်းလိုက်ချင်ပါတယ်။ အချိန်ပေးကြည့်ရတာနဲ့ တန်မှာဖြစ်ပြီး ခရစ္စမတ်နေ့နဲ့ ပတ်သတ်ပြီးလည်း မြင်နေကျမဟုတ်တဲ့ ရှုထောင့်အသစ်ကနေ အတွေးအမြင်သစ်တွေပေးစွမ်းနိုင်မဲ့ ရုပ်ရှင်ကားကောင်း တစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေ။ File size… (3.2GB) / (1.27GB) / (696MB ) Quality… WEB-DL 4K HEVC 1080 / 720p Format…mkv / mp4 Duration….1h 39m Genre ….. Adventure , Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse
| Provider | Resolution | File Size | |
|---|---|---|---|
| 4K | Download | ||
| 1080p | 1.27GB | Download | |
| 1080p | 1.27GB | Download | |
| 1080p | 1.27GB | Download | |
| 1080p | 1.27GB | Download | |
| 720p | 696MB | Download | |
| 720p | 696MB | Download | |
| 720p | 696MB | Download | |
| 720p | 696MB | Download | |
| 720p | 696MB | Download |