
Tekkenဆိုတာ Bandai Namcoက ထုတ်လုပ်ထားတဲ့ Fightinggameဖြစ်ပြီး Street fighters, KOFတို့နည်းတူ gameအတွဲတွေ၊ animationsတွေ များစွာထွက်ရှိထားတဲ့ နာမည်ကြီးfranchiseပါ။ ဒီ animation movieက ၂၀၁၁ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပြီး Final Fantasyစတိုင် animationတွေ၊ တိုက်ခိုက်ပုံတွေနဲ့ ခပ်ကြမ်းကြမ်းရိုက်ကူးထားတာပါ။ ငယ်ငယ်က ကြည့်ခဲ့ဖူး၊ကြိုက်ခဲ့ဖူးသူတွေရော၊ မကြည့်ဖူးသေးတဲ့သူတွေပါ ခံစားကြည့်ရှုနိုင်ဖို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းက Tekken-verseထဲက main characterတွေဖြစ်တဲ့ ကာဇမ ဂျင်၊ ခဇုယနဲ့ မီရှီမာ ဟဲဟချိ သားအဖမြေးအဘိုး၃ယောက်ရဲ့ အားပြိုင်မှုကိုကြည့်ရမှာပါ။ ဟဲဟချိရဲ့မူတာရီစမ်းသပ်မှုမှာ မသေဘဲရှင်ကျန်ခဲ့တဲ့ ကျောင်းသားတစ်ယောက်ကို ဂျင်နဲ့ ခဇုယတို့၂ယောက် ရည်ရွယ်ချက်ကိုယ်စီနဲ့ သူလျှိုတွေလွှတ်ကာ ရှာဖွေရင်း ကျိုတိုမြို့ရဲ့ ကျောင်းတစ်ခုမှာ ရှာတွေ့ပြီးနောက်ပိုင်း အနီးကပ်ထောက်လှမ်းရင်း သူတို့မထင်ထားတဲ့ ကစားပွဲတစ်ခုထဲဝင်မိပြီးသား ဖြစ်သွားပါတယ်။ စမ်းသပ်ခံကျောင်းသားကို လိုချင်ရတဲ့အကြောင်းရင်း၊ မထင်ထားတဲ့ လှည့်ကွက်တွေ၊ အမိုက်စားbattleနဲ့ animationတွေကို ကြည့်ရှုရင်း ငယ်ဘဝကို တကျော့ပြန်အောက်မေ့လိုက်ကြတာပေါ့။ File size… 1.8 GB / 940 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 40m Genre ..... Action , Sci-fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX
ဒေါင်းလုပ်လင့်ခ်များမရှိသေးပါ
ထုတ်လွှင့်သည့်နေ့
July 26, 2011
ကြာချိန်
1h 40m
အဆင့်သတ်မှတ်ချက်
6.8 / 10
Director
Youichi Mouri