
ဒီရုပ်ရှင်ကတော့ Teen Wolf (2011-2017) စီးရီးရဲ့နောက်ဆက်တွဲကို ရုပ်ရှင်အနေနဲ့ ၂ နာရီခွဲကြာအောင်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ မူလသရုပ်ဆောင်အားလုံး ပြန်လာကြတာမို့ Teen Wolf ဖန်တွေတော့ အရမ်းကြိုက်ကြမှာပါပဲ။ စီးရီးမကြည့်ဖူးတဲ့သူတွေလည်း ကြည့်လို့ရအောင် အတိုချုံးလေး ရှင်းပြပေးထားပါ့မယ်။ အဓိက ဇာတ်ကောင်ကတော့ ဘီကွန်ဟေးလ်မြို့လေးမှာနေတဲ့ စကော့ မက်ကော ဆိုတဲ့ သမန်းဝံပုလွေပါပဲ။ စီးရီးအဆုံးမှာတော့ သူဟာ သမန်းဝံပုလွေအုပ်ရဲ့ အယ်ဖာခေါင်းဆောင်ဖြစ်သွားခဲ့ပါပြီ။ သူ့အမေကတော့ သူနာပြုပါ။ သူ့ရဲ့ ချစ်သူ အလီဆန်အားဂျန့်ကတော့ သမန်းဝံပုလွေ မုဆိုးမျိုးရိုးဖြစ်ပြီး စီးရီးထဲမှာ သေဆုံးသွားခဲ့ပါပြီ။ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းက စတလင်းစကီးခေါ် စတိုင်းပါ။ သူကတော့ သမန်းဝံပုလွေတွေကို တချိန်လုံးကူညီခဲ့တဲ့ ဉာဏ်ကောင်းတဲ့ သူငယ်ချင်းပါပဲ။ နောက်တော့ FBI ထဲရောက်သွားပါပြီ။ စတလင်းစကီးရဲ့အဖေကတော့ ရဲမှူးပါ။ စတိုင်းရဲ့ကောင်မလေး လစ်ဒီယာကတော့ ဘန်းရှီးဖြစ်ပြီး သေခြင်းတွေကို မြင်နိုင်တဲ့အစွမ်းနဲ့ အသံလှိုင်းနဲ့တိုက်ခိုက်နိုင်တဲ့အစွမ်းရှိပါတယ်။ စကော့မက်ကောရဲ့ နောက်ထပ်အချစ်ဆုံးမိတ်ဆွေကတော့ ဒဲရက်ဟေးလ်လို့ခေါ်တဲ့ သမန်းဝံပုလွေဖြစ်ပြီး စီးရီးအဆုံးမှာတော့ အီလိုင်ဆိုတဲ့ သားတစ်ယောက်နဲ့ အတူနေထိုင်နေပါပြီ။ ဒဲရက်ရဲ့ ညီမကတော့ မာလီရာတိတ် ဖြစ်ပြီး သမန်းမြေခွေးပါပဲ။ နောက်ပြီး ပဲရစ်ရှ်ဆိုတဲ့ ရဲတပ်သားကတော့ ငရဲခွေးဖြစ်ပါတယ်။လစ်ဒီယာရဲ့ သူငယ်ချင်း ဂျက်ဆန်ဝစ်မောကလည်း ကာနီမာဆိုတဲ့ မှော်သတ္တဝါအဖြစ် ပါဝင်ထားပါတယ်။ စကော့မက်ကောကနေ သမန်းဝံပုလွေအဖြစ်ပြောင်းပေးထားတဲ့ လီယမ်လည်း ပါလာပါတယ်။ ဒီရုပ်ရှင်အစမှာတော့ Teen Wolf တွေဟာ Adult Wolf တွေဖြစ်ပြီး ကိုယ့်အလုပ်နဲ့ကိုယ် အခြားမှာ အခြေကျနေပါပြီ။ ဒါပေမဲ့ သူတို့အားလုံးကို လက်စားချေချင်နေတဲ့ ရန်သူဟောင်းတစ်ယောက်က အရမ်းအစွမ်းထက်တဲ့ ဂျပန်နတ်ဘုရားမိစ္ဆာနိုဂစ်ဆူနဲကို လွှတ်ပေးလိုက်ပြီး တိုက်ခိုက်ခိုင်းလာပါတော့တယ်။ သူတို့တစ်ယောက်ချင်းစီအနေနဲ့ ရန်သူကို မယှဉ်နိုင်တော့မို့ ဘီကွန်ဟေးလ်ရဲ့ မှော်သတ္တဝါတွေနဲ့ မုဆိုးတွေပူးပေါင်းပြီး ပြန်ရင်ဆိုင်ကြရတဲ့အခါ... File size…(3.22GB) / (1.33B) / 857MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:25:00 Genre... Action / Drama / Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |