
ပီတာပန်က J.M.Barrie ဖန်တီးထားတဲ့ဇာတ်ကောင်လေးဖြစ်ပြီး ပြဇာတ်ကနေစပြီး ရုပ်ရှင်ပေါင်းများစွာရိုက်ကူးထားတာမို့ ရုပ်ရှင်ချစ်ပရိသတ်တွေနဲ့ တစ်ခုမဟုတ်တစ်ခုမှာရင်းနှီးပြီးသားနေမှာပါ။ အခြေခံအားဖြင့်ဇာတ်ကားတွေမှာ ပီတာပန်က မကြီးပြင်းချင် အရွယ်မရောက်ချင်တဲ့ကောင်လေး၊ နဲဗားလန်းမှာသူ့လိုကလေးတစ်သိုက်နဲ့အတူနေတယ်။ သူ့ရန်သူကတော့ ပြောစရာမလိုပါဘူး ကပ္ပတိန်ဟုခ်ပေါ့။ သူကတစ်နေ့မှာဝင်ဒီ့ကို ကလေးငယ်တွေရဲ့မိခင်ဖြစ်ပေးဖို့လာခေါ်တယ်။ အဲ့လိုပေါ့။ J.M.Barrie ရဲ့ မူရင်းပြဇာတ်နဲ့ဝတ္ထုမှာတော့ ပီတာပန်က ဗီလိန်ပါ။ တကယ်ဆိုနဲဗားလန်းကလုံးဝမကြီးပြင်းတာမျိုးမဟုတ်ပဲ ကြီးပြင်းမှုနှေးတာပါ။ အဲ့တော့ ပီတာပန်က ကြီးပြင်းတဲ့ကလေးတွေကို ပြဿနာရှာတယ်။ တစ်ခါတလေ သူ ပျင်းရင် အချင်းချင်းပြန်သတ်ကြတယ်။ ပီတာပန်က ဂျစ်တစ်တစ်ငဆိုးလေးပေါ့။ နောက်ပိုင်းမှာမှကလေးတွေကြားမှာ ပင်လယ်ဓားပြတွေရေပန်းစားလာတာကြောင့် စာရေးဆရာက ကပ္ပတိန်ဟုခ်ကိုဗီလိန်အနေနဲ့ထည့်ခဲ့တာပါ။ ဒီ Peter Pan & Wendy ဇာတ်လမ်းမှာတော့ အပေါ်ကပြောခဲ့တဲ့ဇာတ်လမ်းသွားနှစ်ခုကြားမှာ မယုတ်မလွန်စည်းချထားတယ်ပြောရမယ်။ ပီတာပန့်ကို လူဆိုးဇာတ်မသွင်းသလို ဟီးရိုးအဖြစ်လဲပုံမဖော်ထားပါဘူး။ ပြီးတော့ ဝင်ဒီ။ တကယ်ဆိုပီတာပန်ဇာတ်လမ်းက အဓိကဝင်ဒီ့ရဲ့ဇာတ်လို့ပြောလို့ရတယ်။ လောကကြီးထဲကိုဝင်ရတော့မယ့် ကလေးတစ်ယောက်ရဲ့အကြောက်တရား မကြီးပြင်းချင်စိတ်တွေကနေ နဲဗားလန်းဆိုတဲ့အယူအဆကဖြစ်တည်လာတာပါပဲ။ ဒီဇာတ်လမ်းမှာ ဝင်ဒီ့ကိုလဲ တော်တော်အသားပေးထားသလို အရင်ကားတွေမှာမပါခဲ့တဲ့ ကွက်လပ်တွေကိုလဲဖြည့်ပေးထားပါသေးတယ်။ ရှေးရှေးကလက်ရာကောင်းများစွာလဲရှိတော့ အခုထွက်ရှိတဲ့ Peter Pan & Wendy ပေါ်ဝေဖန်သံ ချီးကျူးသံတွေလဲစုံနေပါတယ်။ ကိုယ်တိုင်သာကြည့်ရှုသုံးသပ်လို့ရအောင်တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Action, Adventure, Comedy Quality…. 1080p | 720p | 480p File size… 2GB | 920MB 460MB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... Aaron
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.78GB | Download | |
| 720p | 920MB | Download | |
| 1080p | 1.78GB | Download | |
| 720p | 920MB | Download |