
ဒီဇာတ်ကားကတော့ 21 ရာစုကြီးမှာ မှော်ခေါင်းဆောင်းတစ်ခု ကြောင့် ကမ္ဘာကြီးကို ပြောင်းလဲပေးနိုင်မယ့် သူရဲကောင်းတစ်ဦး ပေါ်ထွက်လာတဲ့ comedy, sci-fi ဇာတ်ကားဖြစ်ပါတယ်။ နိုလန်ဆိုတဲ့ ကောင်လေးက သူ့ရဲ့သူငယ်ချင်းတွေနဲ့အတူ စပ်တူ ဖွင့်ထားတဲ့ ဂိမ်းဆိုင်ပိုင်ရှင်ဖြင်ပြီး ကလေးများအကြိုက် နိုဘယ် မန်းပုံပြင်တွေအကြောင်းကို နေ့တိုင်းပြောပြရင်း ဘဝကို အေးဆေး ဖြတ်သန်းနေတဲ့သူတစ်ယောက်ပါ။ တစ်နေ့ သူ့ဆိုင်ကို မှော်ခေါင်း ဆောင်းတစ်ခု ရောက်လာပြီး ယူဆောင်းလိုက်မိတဲ့အချိန်မှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီ အကျဥ်းကျခံထားရတဲ့ နတ်ဆိုးရဲ့တမန် တော်ဝိညာဥ်နဲ့ ဆက်စပ်မိသွားပါတော့တယ်။ နောက်တစ်ရက်မှာတော့ နိုလန်ရဲ့အဖေအမြဲပြောပြနေတဲ့ နိုဘယ်မန်း ပုံပြင်တွေက ပုံပြင်သက်သက်မဟုတ်ဘဲ တကယ့်လက်တွေ့ဘဝမှာ ရှိကြောင်းသိလိုက်ရပြီး နိုလန်ကလည်း နိုဘယ်မန်းတွေရဲ့သွေးသား ဖြစ်ကြောင်း သိလိုက်ရတဲ့အချိန်မှာတော့ နိုလန်က နိုဘယ်မန်းရဲ့သွေး သားလား၊ သူနဲ့ နတ်ဆိုးက ဘယ်လိုရန်ငြိုးတွေရှိခဲ့ကြတာလဲ၊ နောက် ဆုံးမှာ နိုလန်တစ်ယောက် နတ်ဆိုးတွေကို တိုက်ထုတ််နိုင်ပါ့မလား ဆို တာကို ဆက်လက်စောင့်ကြည့်ပေးကြပါဦး။ ဒီဇာတ်ကားက ပေါ့ပေါ့ ပါးပါးနဲ့ ဟာသဆန်ပြီး Fanasty, Sci-Fi ကားတစ်ကားဖြစ်တာမို့ အားလုံးကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Parris ဖြစ်ပါတယ်) File Size..........(1.87 GB) / (784 MB) / (478 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 34mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy, Fantasy, Sci-Fi Translator.......Parris Encoder..........SWM