
ဇာတ်ကားအကြောင်းကို မပြောခင် ဒီကားဟာ Mythica ခေါင်းစဉ်အောက်မှာ ငါးကားတွဲထွက်ရှိထားတဲ့အထဲကမှ ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။ Mythica ဆိုတာကတော့ Adventure, fantasy, action ခေါင်းစဉ်အောက်မှာတည်ရှိပြီး adventure fantasy တို့ရဲ့ ထုံးစံအတိုင်း orc, dragon , witch , elf , god အစရှိသဖြင့် အမျိုးစုံအောင် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ကတော့ လက်ရှိကမ္ဘာမြေဟာ နတ်ဘုရားတွေကို အပြီးတိုင် ချေမှုန်းချင်နေတဲ့ Lich King နဲ့ သူ့ရဲ့ zombie စစ်တပ်ကြီးနဲ့၊ တစ်ဖက်မှာ လူသား၊ နတ်နဲ့ အခြားသောမျိုးနွယ်တွေ စစ်ခင်းနေရတဲ့ကာလ ဖြစ်ပါတယ်။ Lich King နဲ့ သူ့စစ်တပ်ကြီးဟာ ဘယ်မျိုးနွယ်နဲ့မှ အင်အားချင်းမယှဉ်သာအောင် တရိပ်ရိပ်တက်လာလို့နေပါပြီ။ ဒါပေမယ့် Lich King ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ နတ်ဘုရားတွေ အကုန်လုံးကို သုတ်သင်ဖို့ရာ ကျိန်စာသင့်နေတဲ့ Marek ဆိုတဲ့ စုန်းမလေးက အဓိကကျတဲ့နေရာမှာ ပါ၀င်နေပါတယ်။ ဒါကြောင့် ကမ္ဘာပျက်ကိန်း ဆိုက်မယ့်အရေးကို ကာကွယ်ဖို့ရာ စုန်းမလေး Marek နဲ့ နတ်သူငယ်သွေးတစ်၀က်ပါတဲ့ သူခိုးဂျပိုး Dagen တို့ရဲ့ လက်ထဲကို ရောက်လာပါတော့တယ်။ ဒီတော့ သူတို့နှစ်ဦးဟာ Lich King နဲ့ သူ့ရဲ့အကြံအစည်ကို တားဆီးမယ့်ကိစ္စကို အကောင်အထည် ဖော်ဖို့ ခရီးရှည်ကြီးကို ထွက်ခွါရပါတော့တယ်။ တစ်ဖက်မှာလည်း လူသားနဲ့ နတ်ဘုရားတွေဟာ တရိပ်ရိပ်တက်လာနေတဲ့ zombie စစ်တပ်ကြီးကို တောင့်ခံရင်း Marek နဲ့ Dagen တို့သာ သူတို့တွေ အားလုံးရဲ့ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်လာတဲ့အခါမှာတော့.... Mythica God slayer ဆိုတဲ့ Fantasy adventure ဇာတ်ကားလေးကို CM ပရိသတ်ကြီးတွေအတွက် တင်ဆက်လိုက်ရပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chuck Chuck ဖြစ်ပါတယ်။) File Size - (2.01 GB) / (879.62 MB) / (364.03 MB) Quality – BluRay - (1080p) / (720p) / (480p) Duration - 1hr 58min Subtitle – Myanmar Hardsub Format – MP4 Genre : Action, Adventure, Drama Translator – Chuck Chuck Encoder – San Win Maung