
ဒီတစ်ခါမှာတော့ အမျိုးသမီးတွေမဲပေးခွင့်ရရေးအတွက် လှုပ်ရှားမှုတွေအကြောင်းရိုက်ကူးထားတဲ့ Suffragette ဆိုတဲ့ကားလေးကိုတင်ဆက်ပေးချင်ပါတယ် အရင်ဆုံးအနေနဲ့ ဒီဇာတ်ကားလေးထဲမှာ ပါဝင်တဲ့သရုပ်ဆောင်တွေက Alice in Wonderland live action ကားတွေနဲ့ Harry Potter ထဲမှာ သရုပ်ဆောင်ထားတဲ့ ဝါရင့်သရုပ်ဆောင် မင်းသမီးကြီး Helena Bohman Carter နဲ့ The Great Gatsby ထဲက မင်းသမီး Carey Mulligan တို့လို ဒိတ်ဒိတ်ကြဲသရုပ်တွေပါဝင်ထားပါတယ် နောက်ပြီး The Iron lady ရဲ့စာရေးသူ Abi Morgan ရေးသားတဲ့ဝတ္ထုကိုအခြေခံရိုက်ကူးထားတာပါ ဇာတ်လမ်းအကျဥ်းကတော့ ဗြိတိန်မှာ 1912 ကာလတွေတုန်းက အမျိုးသမီးတွေကို မဲပေးခွင့်ပေးဖို့အတွက် ဆန္ဒပြတောင်းဆိုနေကြတဲ့အချိန်ပါ မော့ဒ်ဝက်ထ်စ်ဆိုတဲ့ သာမန်ခဝါသည်အမျိုးသမီးလေးဟာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဗွိုင်းအိုလက်ဆိုတဲ့အမျိုးသမီးနဲ့ စကားဆုံမိကြရာကနေ အမှတ်မထင်ပဲ အမျိုးသမီးတွေ တန်းတူအခွင့်အရေးရရှိရေးတက်ကြွလှုပ်ရှားမှုတွေမှာ ပါဝင်မိပါတော့တယ် အဲဒီလိုပါဝင်မိရင်း အဖမ်းခံ အကျဥ်းချခံရတဲ့အခါ ပတ်ဝန်းကျင်ရဲ့ လှောင်ပြောင်ကဲ့ရဲ့ခံရတဲ့အပြင် ယောက်ျားကိုယ်တိုင်ကပါ အိမ်ကနှင်ထုတ်ပြီး သားလေးနဲ့တွေ့ခွင့်မပေးတော့ပါ အဲ့ခေတ်က ဥပဒေအရ သားသမီးကို ဖခင်ကပဲ ပိုင်ဆိုင်ပါတယ် အဲ့ဒါကြောင့် မော့ဒ်တစ်ယောက် ထိုဥပဒေကို ပြင်ရမယ် အမျိုးသမီးတွေလည်း အမျိုးသားတွေနဲ့တန်းတူအခွင့်အရေးရှိရမယ်ဆိုပြီး တက်ကြွလှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင်ပါဝင်ပါတော့တယ် သူမနဲ့အတူ ဗွိုင်းအိုလက် မစ္စစ်အယ်လင် အမ်မလီ မစ္စစ်ပန်ဟာ့စ် စတဲ့အမျိုးသမီးတွေနဲ့အတူ စစ်ဆင်ရေးတွေကိုဆောင်ရွက်ပါတော့တယ် ဒီဇာတ်ကားလေးဟာ မော့ဒ်ကိုအဓိကဇာတ်ကောင်အနေနဲ့ရိုက်ကူးထားတယ်ဆိုပေမဲ့ ဒီဇာတ်ကားထဲမှာပါတဲ့ အမ်မလီ ဆိုတဲ့ အမျိုးသမီးဟာ အပြင်မှာတကယ်ရှိခဲ့တဲ့ ”Emily Wilding Davison” ဆိုတဲ့ တက်ကြွလှုပ်ရှားသူအမျိုးသမီးကို အခြေခံထားတာပါ။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre…Drama, Histroy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane