
Sher Shivraj (2022) *************************** IMDb-8.3/10 ဘယ်လိုလက်နက်ပဲဖြစ်နေပါစေ..... လူသားပဲဖြစ်ဖြစ် တိရိစ္ဆာန်ပဲဖြစ်ဖြစ်..... နေ့ပဲဖြစ်နေနေ ညပဲဖြစ်နေနေ..... အိမ်တွင်းမှာပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ်.... သင်ဟာ သတ်လို့မသေနိုင်တဲ့ မသေမျိုးဖြစ်စေဆိုပြီး အရှင်ဗြမ္မဟာက ဒီဆုလာဘ်ကို ဟီရန်ရာကာ့ရှပ်ဆီ ပေးအပ်ခဲ့တယ်။ ဒီဆုလာဘ်ကြောင့်ပဲ ဆိုးသွမ်းလာတဲ့ ဟီရန်ရာကို နတ်ဘုရားတွေကပါ ကြောက်လန့်လာကြခဲ့တယ်။ဒါပေမယ့် သူ့သားတော် ပရယ်လားဒ်ကတော့ အရှင်ဗိဿနိုးကို ဆည်းကပ်တဲ့သူ။ဒါကြောင့်ပဲ ဟီရန်ရာကာ့ရှပ်က ပရယ်လားဒ်ကို အကြိမ်ပေါင်းများစွာသတ်ဖို့ကြံစည်ခဲ့တယ်။ ဒါပေမဲ့လည်း အရှင်ဗိဿနိုးရဲ့ဘုန်းတန်ခိုးကြောင့် ပရယ်လားဒ်ကို အကြိမ်ကြိမ်သတ်ဖို့ကြံစည်တာ မအောင်မြင်ခဲ့တဲ့နောက်မှာတော့ ပရယ်လားဒ်ကိုမေးခဲ့တယ် မင်းရဲ့အရှင်ဗိဿနိုးဘယ်မှာလဲဆိုပြီး။ပရယ်လားဒ်ကပြန်ပြောခဲ့တယ် စကြာဝဠာကြီးရဲ့ အစိတ်အပိုင်းတိုင်းမှာ အရှင်ကတည်ရှိနေပါတယ်တဲ့။ဒီတော့ ဟီရန်ရာက ဒီတိုင်မှာရှိတာလားလို့မေးလေတော့ ပရယ်လားဒ်က ဟုတ်တယ် ဒီတိုင်လုံးထဲမှာလည်းရှိတယ်ဆိုတော့ တိုင်ကို ဒေါသတကြီးနဲ့ကန်ပါလေရော။အဲဒီမှာပဲ တိုင်လုံးကအစိတ်စိတ်အမွှာမွှာကွဲပြီး လူခန္ဓာကိုယ် ခြင်္သေ့ခေါင်းနဲ့ ဗိဿနိုးရဲ့အဝတာတစ်ဆူဖြစ်တဲ့ အရှင်နာဆင်မာပေါ်လာပြီး ဟီရန်ရာကိုပွေ့ချီသွားပြီး အတွင်းလည်း မဟုတ် အပြင်လည်းမဟုတ် လူလည်းမဟုတ် တရိစ္ဆာန်လည်းမဟုတ် ဘယ်လိုလက်နက်မှလည်းမသုံးဘဲ သုတ်သင်ရှင်းလင်းခဲ့ပါတယ်။ ဒီဇာတ်လမ်းကိုကြားတော့ မင်းသားလေးက သူလည်းအရှင်နာဆင်မာလို မကောင်းဆိုးဝါးတွေကို သုတ်သင်ရှင်းလင်းမယ်ဆိုပြီး တိုင်တည်ပါတယ်။ တိုင်းပြည်ရဲ့ခေါင်းဆောင်ဖြစ်လာတဲ့ တစ်နေ့မှာတော့ ဟီရန်ရာလိုမကောင်းဆိုးဝါးနဲ့ စစ်ခင်းဖို့ဖြစ်လာတဲ့အချိန်မှာ မင်းသားလေးအဆင်သင့်ဖြစ်နေမလားဆိုတာတော့ ခမ်းခမ်းနားနားနဲ့ ကြည့်ရမယ့် အိန္ဒိယနန်းတွင်းကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Moon~BpL~Cherry~Yunniတို့ပဲဖြစ်ပါတယ်) File size…3.4GB / 1.3GB Quality…1080p WEBRIP / 720p Format…mp4 Duration….2h 23m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Moon~BpL~Cherry~Yunni
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |