
ပိတ်ရက်မှာ အနားယူရင်း ကြည့်ရှုဖို့အတွက် Horror ဇာတ်ကား ကောင်းတစ်ကားနဲ့ cm ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားက အများစု လက်ခံယုံကြည်မှုကို တော်လှန်ဆန့်ကျင်တဲ့ ဇာတ်ကားတစ်ခုလို့ ပြောရင်လည်း မမှားပါဘူး။ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှုနဲ့အတူ ဆန့်ကျင်မှုကိုပါ ခွင့်ပြု ထားပေးတဲ့ ကနေဒါနိုင်ငံမှာ ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ခရစ်ယာန် ဘာသာဝင်တို့အတွက် နည်းနည်းတော့ ထိလွယ် ရှလွယ်မို့လို့ အမြင်ကျယ်ကျယ်နဲ့ ထားပြီး ကြည့်ရှုဖို့ တိုက်တွန်း ချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဖာသာဟာပါဟာ အဖော်ဘုန်းတော်ကြီး တစ်ယောက်နဲ့ အတူ အပနှင်နေရင်း မတော်တဆမှုဖြစ်ပြီး အဖော်ဘုန်းတော်ကြီး သေဆုံးသွားခဲ့ပါတယ်။ အပနှင်ဘုန်းတော်ကြီးတွေ သေဆုံးမှု များပြားလာတဲ့အတွက်ကြောင့် စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီး နတ်ဆိုးနှင်တာကို လတ်တလော တားမြစ်ထားလိုက်ကြတဲ့အချိန် စိတ်ဓာတ်ကျနေတဲ့ ဖာသာဟာပါ တစ်ယောက် သူ့ရဲ့ ဇာတိဖြစ်တဲ့ မြို့ငယ်လေးကို ပြန်လာခဲ့ပါတယ်။ ရောက်ပြီး မကြာခင်မှာပဲ တံတားပေါ်က ခုန်ချသတ်သေသူတစ်ဦးကို တွေ့လိုက်ရလို့ လှမ်းအော် တားမြစ်ပေမယ့် မမီတော့ပါဘူး။ ဒါပေမယ့် ငုံ့ကြည့်တဲ့အခါ ဘယ်သူမှ ရှိမနေပြန်ပါဘူး။ သူတွေ့ခဲ့တဲ့သူက တခြားမဟုတ်ပါဘူး သူငယ်စဉ်ကတည်းက သေဆုံး သွားပြီးဖြစ်တဲ့ သူ့ဖခင်ပါ။ သေဆုံးတာ နှစ်ပေါင်းများစွာ ကြာလှ ပြီဖြစ်တဲ့ သူ့ရဲ့အဖေက အိမ်ကိုရောက်လာချိန်မှာတော့ ဖာသာ ဟာပါအနေနဲ့ မေးခွန်းထုတ်စရာတွေ အများကြီး ဖြစ်လာပါတော့တယ်။ ( ဒီဇာတ်လမ်းမှာ ပေးချင်တဲ့ မက်ဆေ့အနေနဲ့က အနန္တတန်ခိုးရှင် ဖန်ဆင်းရှင် ဘုရားသခင်က အမှန်တကယ် မကောင်းတဲ့သူ တစ်ယောက် ဖြစ်နေခဲ့ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အတွေးစကို ပေးချင်တာပါ။ ယုတ္တိတန်တာ မတန်တာ အသာထား… ကျွန်တော်တို့တွေရဲ့ ယုံကြည်ကိုးစားမှုဆိုတဲ့အရာကို ဘယ်လောက်ထိ မေးခွန်းထုတ် ခံနိုင်မလဲ အဲဒီအရာကရော ဘယ်လောက်ထိ မှန်ကန်မှု ရှိနိုင်မလဲ။ ဒီကမ္ဘာကြီးမှာ ယုံကြည်ကိုးကွယ်မှု ဘာသာပေါင်း လေးထောင်ကျော် ရှိပါတယ်။ ဘာသာဝင်တိုင်းလိုလိုက သူတို့ ဘာသာကသာ အမှန်အကန်လို့ ယုံကြည်ကြတာပါ။ ခေတ်မီတိုးတက်နေတဲ့ ကမ္ဘာကြီး ဖြစ်နေပေမယ့်လည်း အယူဝါဒတွေ ယုံကြည်သက်ဝင်မှုတွေ ရှေးရိုးအစဉ်အလာ တွေနဲ့ လွန်ဆွဲနေဆဲဖြစ်တဲ့ လူသားတို့ရဲ့ ယုံကြည်မှုတွေ ရှိနေသရွေ့ ဒီအတွေးတွေကလည်း ရှိနေဦးမှာပါပဲ။ ) File size… (904 MB) / (567 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 27m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi