
၂၀ ရာစုရဲ့တစ်ဝက်ရောက်တဲ့အထိ လူမည်းတွေဖြစ်တဲ့ အာဖရိကန်အမေရိကန်တွေဟာ အဆင့်အတန်းခွဲခြားမှုနဲ့ ဖိနှိပ်ချုပ်ချယ်မှုအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရပါတယ်။ အထူးသဖြင့်တောင်ပိုင်းပြည်နယ်တွေမှာ လူမည်း သီးသန့်ရပ်ကွက်တွေ လူမည်းမဝင်ရတဲ့ စားသောက်ဆိုင် ဘားနဲ့ကလပ်တွေကနေစပြီး ရေကူးကန် စာသင်ကျောင်းနဲ့ ဘတ်စ်ကားတွေအထိ လူဖြူတွေနဲ့အတူသုံးစွဲခွင့်မရှိပါဘူး၊ တစ်နေ့မှာတော့ အလုပ်ကပင်ပန်းနွမ်းနယ်လာတဲ့ Rosa Parks ဆိုတဲ့လူမည်းအမျိုးသမီးဟာ ဘတ်စ်ကားပေါ်ကလူမည်းသီးသန့်ခုံတန်းမှာထိုင်ရင်း အိမ်ပြန်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ လူဖြူသီးသန့်ခုံများပြည့်နေတဲ့အတွက် ဘတ်စ်ကားရဲ့အနောက်ဘက်က Rosa Park ထိုင်နေတဲ့ခုံတန်းကို လူဖြူတစ်ယောက်ထိုင်ဖို့ ကားဒရိုင်ဘာက ဖယ်ခိုင်းခဲ့ပါတယ်။ Rosa Park က ဖယ်ပေးဖို့ငြင်းဆန်ခဲ့လို့ ရဲကဖမ်းဆီးခဲ့ရာမှ Montogomery ဘတ်စ်ကားသပိတ်ကြီးပေါ်ပေါက်လာပြီး သမိုင်းဝင် အရပ်ဘက်အခွင့်အရေးလှုပ်ရှားမှုကြီး (Civil Rights Movement) ပေါ်ပေါက်လာပါတော့တယ်။ ဒီလှုပ်ရှားမှုကြီးရဲ့ အဓိကခေါင်းဆောင်ကတော့ ဒေါက်တာမာတင်လူသာကင်းဂျူနီယာပဲဖြစ်ပါတယ်။ Selma ရုပ်ရှင်က Civil Rights Movement ရဲ့နောက်ဆုံးနှစ်ကာလတွေကို အခြေတည်ထားတာဖြစ်ပြီး ဆယ်လ်မာမြို့နေ လူမည်းဒေသခံတွေ မဲပေးခွင့်ရဖို့တောင်းဆိုတဲ့ သမိုင်းဝင်ဖြစ်ရပ်ကိုတင်ဆက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအစကို ဒေါက်တာမာတင်လူသာကင်း ငြိမ်းချမ်းရေးနိုဘယ်ဆုကိုလက်ခံရယူနေတဲ့အခန်းနဲ့စဖွင့်ထားပါတယ်။ မကြာခင်မှာပဲ ဒေါက်တာကင်းက လူမည်းခွဲခြားရေးစနစ်အရှိန်မကုန်သေးတဲ့ အလာဘားမားပြည်နယ် ဆယ်လ်မာမြို့ကို သူ့အဖွဲ့ SCLC နဲ့အတူရောက်ရှိလာပြီး လူမည်းမဲပေးခွင့်အတွက် လှုံ့ဆော်ရင်း လူမည်းမုန်းတီးသူ ဆယ်လ်မာမြို့အာဏာပိုင်တွေ လူဖြူဒေသခံတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရပါတော့တယ်။ အာဏာပိုင်တွေက နည်းအမျိုးမျိုးနဲ့ အင်အားသုံးပြီးဖြိုခွဲဖို့ကြိုးစားတာကို ကင်းနဲ့ဒေသခံလူမည်းတွေက အကြမ်းမဖက်ဘဲကြံ့ကြံခံရင်း မဲပေးခွင့်ရရှိဖို့ကြိုးစားပုံကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ ဇာတ်လမ်းအမျိုးအစားက Drama/Documentary အမျိုးအစားဖြစ်ပြီး ၂၀၁၄ ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပါတယ်။ အကောင်းဆုံးရုပ်ရှင်အော်စကာဆုအတွက် ဆန်ကာတင်ဝင်ခဲ့ပြီး Best Original Song နဲ့ အော်စကာရခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်ရဲ့အကောင်းဆုံးရုပ်ရှင်တွေထဲကတစ်ခုဖြစ်ပြီး Documentary ထက် Drama ကိုအလေးကဲထားပြီး ဒေါက်တာမာတင်လူသာကင်းရဲ့ အထ္တုပ္ပတိအပိုင်းအစတစ်ခုအဖြစ်ကို ပိုဇောင်းပေးထားပါတယ်။ ဒေါက်တာကင်းနဲ့ သူ့ဇနီးတို့အကြား ဆက်ဆံရေး၊ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေအကြား ပဋိပက္ခတွေ ဆက်ဆံရေးအနိမ့်အမြင့်အတက်အကျတွေကိုလည်းထည့်သွင်းပုံဖော်ထားပါတယ်။ဒီရုပ်ရှင်မှာ ဒေါက်တာကင်းနဲ့ ခေတ်ပြိုင်ပုဂ္ဂိုလ်တွေဖြစ်တဲ့ နာမည်ကျော် အမေရိကန်နီဂရိုးခေါင်းဆောင် Malcom X နဲ့ အမေရိကန်သမ္မတ Lyndon Johnson အက်ဖ်ဘီအိုင်တည်ထောင်သူ J Edgar Hoover အလာဘားမားပြည်နယ်အုပ်ချုပ်ရေးမှူး Jim Wallace စတဲ့သမိုင်းဝင်ပုဂ္ဂိုလ်များကိုလည်းတွေ့ရမှာပါ။ နိုင်ငံရေး Drama ကားမျိုးနဲ့ အထ္တုပ္ပတိရုပ်ရှင်မျိုးနှစ်သက်သူတွေ အကြိုက်တွေ့မဲ့ဇာတ်ကားဖြစ်ပြီး သမိုင်းကိုစိတ်ဝင်စားသူတိုင်း ကြည့်ရှုသင့်တဲ့ဇာတ်ကားပါ။ ဖြစ်ရပ်မှန်ကိုအခြေခံထားပေမဲ့ စကားချည်းထိုင်ပြောနေတာမဟုတ်လို့ ပျင်းရိစရာမကောင်းဘဲ သာမန်ရုပ်ရှင်ပရိသတ်တွေလည်း ကြည့်ရှုလို့အဆင်ပြေမဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:04:00 Genre…Drama, Biography, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.4 GB | Download | |
| 1080p | 1.4 GB | Download | |
| 1080p | 1.4 GB | Download | |
| 1080p | 1.4 GB | Download | |
| 720p | 620 Mb | Download | |
| 720p | 620 Mb | Download | |
| 720p | 620 Mb | Download | |
| 720p | 620 Mb | Download | |
| 720p | 620 Mb | Download |