
ကလေးတစ်ယောက်အမေ စတက်ဖနီကို ရှိုတ်နေတဲ့ အိမ်နီးနားချင်းစာပို့သမားလေး ဂေါ်ဒန်ဟာ တစ်နေ့မှာတော့ စတက်ဖနီအလုပ်ကိစ္စနဲ့ခရီးထွက်ဖို့ဖြစ်လာတာကြောင့် ဂျိမ်းဆိုတဲ့ စတက်ဖနီရဲ့သားလေးကို ကြည့်ပေးဖို့အကြောင်းဖန်လာပါတော့တယ်။ ပေါ့ပေါ့ပါးပါးနေတတ်ပြီး ဘာကိုမှအလေးမထားတတ်တဲ့ ဂေါ်ဒန်တစ်ယောက် ကလေးတစ်ယောက်ကိုစောင့်ရှောက်ရမယ်ဆိုတဲ့ တာဝန်ကြီးရလာတဲ့အခါမှာ ကလေးနဲ့သူနဲ့ကြား စိန်ခေါ်မှုလေးတွေရှိလာပါတော့တယ်။ တစ်ဖက်မှာလည်း FBI အေးဂျင့်ဖြစ်တဲ့ ၁၁ လို့ခေါ်တဲ့ခွေးလေးက မူးယစ်ဆေးအနံ့ခံတဲ့နေရာမှာ အရမ်းတော်တာကြောင့် လူဆိုးဂိုဏ်းခေါင်းဆောင်က ဆုံးရှုံးရတာတွေများလို့ ခွေးကိုသတ်ဖို့ ကြေးစားတွေကိုငှားပါတော့တယ်။ ဒီလိုနဲ့ FBI ဘက်ကလည်း သူတို့အေးဂျင့်ဖြစ်တဲ့ ခွေးလေး ၁၁ ကို ကာကွယ်ဖို့လျှို့ဝှက်နေရာကိုပို့ဖို့စီစဉ်ပါတော့တယ်။ ဒီလိုနဲ့ လျှို့ဝှက်နေရာကိုပို့တဲ့လမ်းမှာတင် ကြေးစားသတ်ဖို့ငှားထားတဲ့ လူဆိုးတွေဝင်နှောင့်ယှက်တာကြောင့် ၁၁ ခွေးလေးက ကားပေါ်ကနေခုန်ဆင်းသွားပြီး လွတ်သွားပါတော့တယ်။ ၁၁ ခွေးလေးက လွတ်သွားပြီးတော့ ဂေါ်ဒန်တို့စာလိုက်ပို့နေတဲ့ ကားပေါ်ကို ရုတ်တရက်ရောက်သွားတဲ့အခါမှာတော့… ဂေါ်ဒန် နဲ့ ဂျိမ်းတို့ FBI အေးဂျင့်ခွေးလေးနဲ့ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါး ဟာသလေးတွေနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။ ဂေါ်ဒန်နဲ့ဂျိမ်းတို့ကြားက သံယောဇဉ်ဖြစ်ပေါ်လာပုံအပြင် FBI ခွေးလေးနဲ့ကြား ကမောက်ကမများနဲ့ သံယောဇဉ်ဖြစ်လာပုံကိုလည်း ဟာသနှောပြီး ရိုက်ကူးထားတာကြောင့် ပိတ်ရက်မှာမိသားစုနဲ့ပေါ့ပေါ့ပါးပါးကြည့်ရှုသင့်တဲ့ရုပ်ရှင်လေးပါ။ File size… 2 GB / 1.2 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 34m Genre ….. Comedy/Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jia