
Searching ဆိုတဲ့ကားလေးက ၂၀၁၈ ခုနှစ်ထွက် Thriller, Mystery, Drama ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ် သားအဖနှစ်ယောက်ရှိတယ် အမေဆုံးပြီးနောက်ပိုင်း အဖေတစ်ခုသမီးတစ်ခု တစ်နေ့မှာ သမီးဖြစ်သူပျောက်သွားတယ် အဲ့ဒါနဲ့ရဲကိုတိုင်ချက်ဖွင့် လိုက်ရှာတယ် အဲ့ဒါပါပဲ။ ထူးခြားတာကတော့ တစ်ကားလုံး ကွန်ပြူတာစခရင်ပေါ်မှာပဲ ပြီးသွားပါတယ်။ (ဇာတ်လမ်းကိုတော့ Spoilသလိုဖြစ်မှာဆိုးလို့လုံးဝမရေးထားခြင်းဖြစ်ပါသည်) ဒိုင်ယာလော့ခ်တွေအကုန်လုံးက Facebook YouCast စတဲ့ social mediaတွေက live လွှင့်တာတွေVideo call ခေါ်တာတွေ Chat message တွေပဲဖြစ်ပါတယ်။ အဲ့လိုမျိုးကြီးရိုက်ထားလို့ ပျင်းစရာတော့လုံးဝမကောင်းပါဘူး တစ်ကားလုံး ဇာတ်လမ်းဇာတ်ကွက်အချိတ်အဆက်မိမိ တင်ဆက်ထားပါတယ်။ ယနေ့ခေတ်ရဲ့ Social life ကိုလုံးဝပုံဖော်ရိုက်ကူးထားတဲ့ကားလေးပါ။ အမှုအသွားအလာကလဲ စိတ်ဝင်စားဖို့ကောင်းသလိုသားသမီးနဲ့မိဘကြားက မထင်မှတ်တဲ့အမှားလေးတွေ နားလည်မှုလွဲမှုလေးတွေကိုလဲ လှစ်ဟပြထားပါသေးတယ်။ လျို့ဝှက်ဆန်းကြယ်ဇာတ်ကားမျိုးကိုမှသဘောကျတဲ့သူတွေအတွက် အကြိုက်တွေ့စေမယ့်ကားလေးတစ်ကားဖြစ်ပါတယ်။ အဲ့ဒါအပြင် တစ်ကားလုံး အင်တာနက်သုံးနေတာဖြစ်နေတဲ့အတွက် ဇာတ်ကားကြည့်ရင်းပညာပါရနိုင်ပါသေးတယ်ခင်ဗျ :D မှတ်ချက်။ ။ ဒီဇာတ်ကားရဲ့ Engမူရင်းစာဖိုင်မှာ Chat messageနေရာတွေမှာ စာတန်းမပါလာတာကြောင့် ကိုယ့်ဘာသာကိုယ်အသစ်ထည့်ပေးထားပါတယ်။အဲ့ဒါကြောင့်အချို့နေရာတွေမှာ စာတန်းမြန်နေတာမျိုးရှိနေနိုင်ပါတယ်။ စာတန်းအတွက် အချိန်နည်းလွန်းနေတာမျိုးပါ။ သည်းခံဖတ်ပေးကြပါခင်ဗျ :D (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ) File Size : (800 MB) and (380 MB) Quality : HCHDRip 720p Running Time : 1hr 42min Format : Mp4 Genre : Drama , Mystery , Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.HC.HDRip.X264.AC3-EVO Translated by Hein Min Tun Encoded by Thanhtike Zaw
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |