
The Universal Theory (2024) IMDb Rating (6.1) / Rotten Tomatoes (70%) ဒီဇာတ်လမ်းကတော့ ၁၉၆၂ ခုနှစ်တုန်းက ဆွဇ်ဇာလန်နဲ့ ဂျာမနီနိုင်ငံတို့က သိပ္ပံပညာရှင်ကြီးတွေစုစည်းဦးဆောင်ပြီး အက်ပ်မြို့မှာပြုလုပ်ခဲ့တဲ့ ညီလာခံအကြောင်းကို မှီငြမ်းပြီးတော့ စိတ်ကူးယာဉ်ဆန်ဆန်ရိုက်ကားထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက quantum mechanics အဏုမြူနဲ့ပတ်သက်တဲ့ သီအိုရီတွေက ယနေ့ခေတ်လူတွေ သိမြင်လက်ခံထားတဲ့အဆင့်လိုမျိုးရောက်ခဲ့တာမဟုတ်ဘဲ ပညာရှင်တွေအချင်းချင်း သီအိုရီဖြစ်မဖြစ်ကို စမ်းသပ်အတည်ပြုနေဆဲကာလတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဂျိုဟန်ဆိုတဲ့ ၂၀ ကျော်ကောင်လေးတစ်ယောက်ဟာ တက္ကသိုလ်ကျောင်းသားအရွယ်ရောက်သည့်တိုင်အောင် ဘယ်အရာကိုမှလက်ပွန်းတတီးလုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါကို နားလည်နေတဲ့မိခင်ဟာ မိသားစုဂုဏ်ကျပြီး ဘိုးဘွားတွေဆီကနေ အမွေမရမှာစိုးရိမ်ပြီး သူ့ကို ပညာနယ်ပယ်မှာနာမည်ခံရှိတဲ့ သိပ္ပံပညာရှင်တစ်ယောက်လက်ထဲကိုထည့်ပေးခဲ့ပါတယ်။ ဘွဲ့လွန် ပါရဂူဘွဲ့အတွက် စာတမ်းပြုစုနေတဲ့ ဂျိုဟန်ဟာ သူ့ရဲ့ကြီးကြပ်သူပါမောက္ခစထရာတန်နဲ့အတူ ညီလာခံတစ်ခုကိုတက်ဖို့ဖြစ်လာပါတယ်။ ဖြစ်ချင်တော့ ပြုစုနေတဲ့စာတမ်းက quantum mechanics ပေါ် အခြေခံထားတဲ့ အရာအားလုံးရဲ့ သီအိုရီ “The Theory of Everything” အကြောင်းပဲဖြစ်ပါတယ်။ Quantum Mechanics တောင်မှ မတွင်ကျယ်သေးတဲ့အချိန် ခိုင်မာမှုမရှိတဲ့အဲဒီဘာသာရပ်ကိုအခြေခံပြီး ထပ်ပြီးချဲ့ထွင်ရေးသားထားတာကိုမြင်လိုက်ရတဲ့အခါမှာ ငြင်းခုန်မှုတွေအကြီးအကျယ်စဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ပဲ ဆရာတပည့်နှစ်ယောက် ညီလာခံကိုရောက်သွားတဲ့အခါမှာ နောက်ထပ်ပါမောက္ခတစ်ယောက်ဖြစ်တဲ့ ဘလွန်းဘတ်ဆိုသူတွေ့ခဲ့ပါတယ်။ ပါမောက္ခဘလွန်းဘတ်က ဂျိုဟန်ရဲ့စာတမ်းကိုသဘောကျသွားပြီး အားပေးနေခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့ကျ ပါမောက္ခဘလွန်းဘတ်တစ်ယောက် ညီလာခံမဖြစ်မြောက်သွားလို့ ပြန်တော့မယ့်ဆဲဆဲ ပျောက်သွားပြီး သူ့ရဲ့အလောင်းလို့ယူဆရတဲ့ အလောင်းတစ်လောင်းပေါ်လာတဲ့အချိန်မှာတော့ ဖြစ်စဉ်တွေအားလုံး ဇောက်ထိုးမိုးမျှော်တွေဖြစ်သွားခဲ့ပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (1.2 GB) / (590 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Mystery, Thriller Duration….01:54:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.2 GB | Download | |
| 1080p | 1.2 GB | Download | |
| 1080p | 1.2 GB | Download | |
| 1080p | 1.2 GB | Download | |
| 720p | 590 MB | Download | |
| 720p | 590 MB | Download | |
| 720p | 590 MB | Download | |
| 720p | 590 MB | Download | |
| 720p | 590 MB | Download | |
| 720p | 590 MB | Download |