
~ Rotten Tomatoes - 88%, Shudder - 3.7/5 ~ တလောကတုန်းကထွက်ခဲ့တဲ့ Horror စခွီကား Scare Package II: Rad Chad's Revenge ထက် အရင်ထွက်တဲ့ Scare Package (2019) ဟာ 2 ထက်တောင် အူတက်အောင်ရယ်ရတဲ့ ဟာသသရဲကား အကြီးစားပါ။ Horror ဇာတ်လမ်းတွေအကြောင်း မသိတာမရှိတဲ့ အခွေဆိုင်ပိုင်ရှင်ကြီး Chad Buckley ဟာ တစ်ယောက်တည်း အထီးကျန်နေသူပါ။ သူဟာ သူ့ရဲ့ ပုံမှန်အားပေးနေကျ Client ဖြစ်တဲ့ Sam နဲ့ငြင်းလိုက်ခုန်လိုက် စကားတွေပေါက်ပန်းလေးဆယ်ပြောလိုက်နဲ့ ဘဝကို ဖြတ်သန်းနေတာပါ။ အဲဒီလိုနဲ့ သံသယလုံးဝဖြစ်စရာမကောင်းတဲ့ ကောင်လေးတစ်ယောက် စာရေးအလုပ်လာလျှောက်ပါတယ်။ အဲဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ တခြားသော ရုပ်ရှင်အပိုင်းတိုလေးတွေနဲ့ ဟိုရောက်ဒီရောက်ကြည့်ရင်း ခံစားရမှာပါ။ အဲဒီအပိုင်းတိုလေးတွေကို ဒါရိုက်တာတစ်ယောက်စီရိုက်ထားတာဖြစ်တဲ့အတွက် အတွေးအခေါ်အယူအဆချင်းမတူတာကြောင့် ဇာတ်ကားတွေအများကြီးကို တစ်ကားထဲမှာကြည့်ရသလို တန်တန်ကြီး ခံစားရမှာပါ။ Scare Package ဆိုတဲ့အတိုင်း ကြမ်းပါတယ်ဆိုတဲ့အရာတွေကို စုစည်းရိုက်ပြထားတာပေါ့ဗျာ။ ဒါပေမဲ့ တော်တော်ရယ်ရတဲ့ Horror ကားဖြစ်ပြီး တခြားနာမည်ကြီး Horror ကားတွေကိုပါ Mention ထားတာဖြစ်တာမို့ ဆက်လေ့လာလို့တောင်ရပါသေးတယ်။ ဇာတ်ကားထဲက ဇာတ်ကားထဲက ဇာတ်ကားတွေကို ကြည့်ရင်း ကြောက်ရင်း ရယ်ကြရအောင်ဗျာ... (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 910MB Quality - 1080p, 720p Format - mp4 Duration - 1H 47Min Genre - Comedy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y