
Sa Muli(2023) ဘဝဆက်တိုင်း ပေါင်းဖက်ပါရစေဆိုတာ ချစ်ကြသူတိုင်းဆုတောင်းကြတဲ့ စကား ဒါပေမဲ့ ဖူးစာနက္ခတ်နဲ့ ကံကြမ္မာမျက်နှာသာပေးဖို့လည်း လိုအပ်သေးတာပဲလေ ၁၉၉၀ ပထမဘဝမှာအရမ်းချစ်ကြတဲ့ ဗစ်တာနဲ့ အော်ရိုရာတို့စုံတွဲ ၊ ၁၉၉၅ဒုတိယဘဝမှာ နီကိုးလက်စ်နဲ့ ဘယ်လင်ဆိုတဲ့ ချစ်ကြသူနှစ်ဦး ဒီနှစ်ဘဝလုံးမှာ ကောင်မလေးကသေသွားရပြီး ကောင်လေးတစ်ယောက်တည်း ရင်ကွဲကျန်ခဲ့ရတယ် ၂၀၂၀ မှာ ဗစ်တာနဲ့ နီကိုးလက်စ်ပြန်ဝင်စားတဲ့ ပယ်ပဲ သူ့ရဲ့အတိတ်ဘဝနှစ်ခုကိုပြန်မှတ်မိပြီးတဲ့နောက် အော်ရိုရာနဲ့ ဘယ်လင်ကနေပြန်မွေးဖွားလာမဲ့ ချစ်သူလေးကို လိုက်ရှာရင်း အတိတ်ဘဝအကြောင်းကိုဝတ္ထုရေးချလိုက်ပြီ း နာမည်ရစာရေးဆရာတစ်ယောက်ဖြစ်လာပါတယ် အတိတ်ဘဝနှစ်ခုမှာ သူ့မျက်စိရှေ့မှာပဲသေဆုံးသွားတဲ့ ချစ်ရသူကိုမကယ်နိုင်ခဲ့တာကြောင့် ဒီဘဝမှာလည်း သေကွဲကွဲရမှာအရမ်းကို စိုးရိမ်နေတာပေါ့ ဒီဘဝမှာသူဆုံတွေ့ခဲ့ရတဲ့ ချစ်သူလေးကတော့ အရက်ဆေးလိပ်တွေသောက် သေချင်သေပါစေဆိုပြီး ဘဝကိုပေတေနေတဲ့ ဂျစ်ကန်ကန်ကောင်မလေးဖြစ်နေပါတယ် အတိတ်ဘဝလိုဖြစ်မှာစိုးရိမ်လွန်းနေတဲ့ ကောင်လေးနဲ့ ဘာကိုမှစိုးရိမ်မနေတဲ့ ဂျစ်ကန်ကန်ကောင်မလေးတို့ ဆုံတွေ့တဲ့အချိန်မှာ ကောင်မလေးကအတိတ်အကြောင်းသိမနေပါဘူး ဒီလိုနဲ့ပယ်ပဲကသူတို့ အရင်ဘဝတွေကဆုံတွေ့ခဲ့တဲ့နေရာတွေကို ခေါ်သွားပြီးအတိတ်ကိုပြန်သတိရလာအောင် ကြိုးစားပါတော့တယ်... မျက်စိအောက်ကအပျောက်မခံနိုင်လောက်အောင် စိုးရိမ်နေတဲ့ကောင်လေးနဲ့ ဘာမှစဉ်းစားမနေဘဲ ရောက်ချင်ရာရောက်ဆိုပြီးပါလာတဲ့ကောင်မလေးတို့ရဲ့ အတိတ်ဘဝရှာဖွေရေးခရီးစဉ်ဟာ ချစ်ကြည်နူးဟာသမြောက်ဖွယ်လေးမို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ် (အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ Aditi ~ Zwe ~ Moon တို့ပဲဖြစ်ပါတယ်) File size…2.06GB / 904MB Quality…1080p WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Aditi ~ Zwe ~ Moon