
Rosario (2025) IMDb Rating (4.7) / Rotten Tomatoes (69%) ရိုဆာရီယိုဆိုတဲ့ အမျိုးသမီးဟာ ဘဝရဲ့ ရည်မှန်းချက်တွေ ပြည့်စုံပြီး တင့်တင့်တယ်တယ်နေထိုင်နေသူတစ်ဦးပါ။ ဒါပေမဲ့ သူ့ရဲ့ အားနည်းချက်ကတော့ မိဘနှစ်ပါးကွာရှင်းပြီးတဲ့နောက်မှာ အဖေဖြစ်သူနဲ့သာ လိုက်နေခဲ့ပြီး အဘွားနဲ့ ဆုံးသွားပြီဖြစ်တဲ့ မိခင်တို့ကို မျက်ကွယ်ပြုထားမိတဲ့ အပြစ်စိတ်တစ်ခုတော့ ရှိနေပါတယ်။ တစ်နေ့မှာ အဆက်သွယ်ပြတ်နေတာ ကြာပြီဖြစ်တဲ့ အဘွားဆီက ဖုန်းဝင်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း အဘွားရဲ့ နာရေးသတင်းဖြစ်နေပါတယ်။ တစ်ယောက်တည်း နေထိုင်တဲ့ အဘွားဖြစ်သူနဲ့ အနီးစပ်ဆုံးအမျိုးက သူဖြစ်နေတာကြောင့် ရိုဆာရီယိုဟာ အဘွားဖြစ်သူရဲ့ အိမ်ကို သွားခဲ့ရပါတယ်။ တိုက်ခန်းကို ရောက်ချိန်မှာ ရိုဆာရီယိုဟာ အဘွားဖြစ်သူရဲ့ ပစ္စည်းတွေကို ရှာရင်းဖွေရင်း အောက်လမ်းနည်းနဲ့ဆိုင်တဲ့ ပစ္စည်းတွေပေါင်းစုံနဲ့ နတ်စင်တစ်ခုကို တွေ့လိုက်ရပါတယ်။ အဲဒီနေရာမှာ ရိုဆာရီယို ငယ်ငယ်က အသုံးပြုခဲ့တဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေနဲ့ သွားတွေပါ ရှိနေတော့ သူအတော်လေး ထိတ်လန့်သွားပြီး သူ့ကို ပစ်ထားခဲ့တဲ့အတွက် ရိုဆာရဲ့အဘွားက သူ့ကို ကျိန်စာတိုက်ခဲ့တာဖြစ်ကြောင်း သိလိုက်ရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Act Molemy ဖြစ်ပါတယ်။) File size… (1.1 GB) / (660 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror Duration…. 01:29:48 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Act Molemy