
Heretics (2024) Horror, footage အမျိုးအစားကြိုက်ကြတဲ့ CM ပရိတ်သတ်ကြီးအတွက်ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ 2024 မှာထွက်ရှိခဲ့တဲ့ Heretics ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း သူငယ်ချင်းတွေဖြစ်ကြတဲ့ဆယ်ကျော်သက်အုပ်စုတစ်စုဟာ အတူတူသောက်စားရင်း ဂိမ်းတွေဆော့နေကြပါတယ်။ အဲ့အချိန်မှာပဲ သူတို့ထဲကတစ်ယောက်က အဲ့နားမှာရှိနေတဲ့ စွန့်ပစ်ထားတဲ့အိမ်ကြီးဆီကို ဘယ်သူသွားရဲလဲဆိုပြီး စိန်ခေါ်ပါတယ်။ အဲ့ဒီအိမ်ကြီးမှာလဲ မကောင်းတဲ့ ပါးစပ်ရာဇ၀င်တွေအမျိုးမျိုးရှိလို့နေပါတယ်။ သွားချင်တဲ့သူကများနေတော့ သူတို့အားလုံး အိမ်ကြီးရှိရာကိုသွားကြပါတယ်။ အိမ်ကြီးဆီရောက်သွားတဲ့အခါ ကောလဟာလတွေဟာ တကယ်ပဲလား ? ဒါမှမဟုတ် အပြောသက်သက်ပဲလား ? သူတို့ဘာတွေကြုံတွေရမလဲဆိုတာကို footage ရုပ်ရှင်အနေနဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။) File size… (2 GB) / (870 MB) Quality…. WEB-DL 1080p / 720p Format…. mp4 Genre…. Horror Duration…. 01:23:48 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Ivy Noe