
Screenwriter နဲ့ Directorဖြစ်တဲ့ "Non" ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ပြီး ရိုက်ကူးထားတဲ့ 2021ထွက် ဇာတ်ကားကောင်းတစ်ကားပါ။ ဂျပန်နိုင်ငံမှာ အနုပညာကျောင်းသားတွေက ဘွဲ့နှင်းသဘင်ရဲ့ ပြပွဲအခမ်းအနားအတွက် ပန်းချီတွေကို တစ်နှစ်ခန့်ကြိုတင်ပြင်ဆင်ရပါတယ်။ မြန်မာကလူတွေ ဘွဲ့ယူမဲ့နေ့အတွက် အားခဲထားကြသလို ပန်းချီကျောင်းသားတွေကလည်း ပြပွဲနေ့အတွက် ကြိုပြင်ဆင်ပြီး ရင်ခုန်ကြရတာပါ။ ဒါပေမဲ့ ကိုဗစ်တွေ အရှိန်နဲ့ပြန့်နှံ့နေတဲ့၂၀၂၀မှာ ကျောင်းတွေရုတ်တရက်ပိတ်ချလိုက်ဖို့ ဖြစ်လာတဲ့အခါ ဘွဲ့နှင်းသဘင်လည်းဖျက်သိမ်းလိုက်ရပါတယ်။ ပြပြွအခမ်းအနားလည်းမရှိမရှိတော့ပါဘူး။ ကျောင်းသားတွေလည်း ကိုယ့်ပန်းချီကားကို အိမ်ပြန်ယူတဲ့သူကယူ၊ဖြဲပစ်တဲ့သူကဖြဲပစ်နဲ့ ဖြစ်ကုန်ကြပါတယ်။ "အိဆွတ်က"ဆိုတဲ့ အနုပညာကျောင်းသူလည်း ကျွန်မတို့လိုပါပဲ။ ကိုဗစ်ကာလမှာ စာလည်းမသင်ရဘဲ အချိန်တွေပိုနေပေမဲ့ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိဖြစ်နေတာပါ။ ဒီလိုမျိုူ လမ်းပျောက်နေတုန်းမှာ အမေက လာလည်ရင်းနဲ့ သူ့ပန်းချီကားကိုအမှိုက်ထင်ပြီး လွှင့်ပစ်လိုက်ပါတယ်။ သူ့မိဘနဲ့ ညီမလေးကလည်း ကိုဗစ်ကိုအကြောက်လွန်နေတာကိုတွေ့ရပြီး သူငယ်ချင်းဖြစ်သူကပါ စိတ်ဓာတ်ကျတဲ့ပုံဖြစ်လာတဲ့အခါ ရောဂါတွေ၊စိတ်ဖိစီးမှုတွေနဲ့ ကိုယ့်ဖြစ်တည်မှုကို ခဏတာပျောက်ရှသွားတဲ့သူမက ဒီကာလကို ဘယ်လိုဖြတ်သန်းမလဲဆိုတာကို ရိုက်ကူးထားတဲ့ရုပ်ရှင်ကား ဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(1.6GB) / (700MB) Quality__1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__01:56:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |