
ဂျပန်ရဲ့ David Cronenbergလို့တင်စားကြတဲ့ ဂျပန်horrorမှာနာမည်ကြီး ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Kiyoshi Kurosawaရိုက်ကူးထားတဲ့ horror/mysteryရုပ်ရှင်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်တစ်ယောက်ဖြစ်တဲ့ "ခိုးဂျိ ရခုရှော"ဟာ ကမ်းစပ်မြို့တစ်ခုမှာ တာဝန်ကျနေပြီး လူသတ်မှုတွေကို လိုက်လံစုံစမ်းနေပါတယ်။ ငလျင်လှုပ်ပြီးတဲ့တစ်နေ့မှာတော့ အပျက်အစီးပုံတွေကြားမှာ သေဆုံးနေတဲ့မိန်းမတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ သူ့ကို ဆားငန်ရေထဲ နှစ်သတ်ပြီးမှ လာရောက်စွန့်ပစ်ထားပုံ ရတာမို့ ဒီအမှုကို ဆက်စုံစမ်းခဲ့ပါတယ်။ ဒါပေမဲ့ အမှုရဲ့ သဲလွန်စတွေက သူကိုယ်တိုင်ကိုပဲ တရားခံအဖြစ် ညွှန်ပြနေပြီး သူလည်းဘာမှမမှတ်မိတာမို့ အကျပ်ရိုက်နေပါတယ်။ မကြာခင်မှာပဲ အသတ်ခံထားရတဲ့ ကျောင်းသား အလောင်းတစ်လောင်း ထပ်ပေါ်လာပါတယ်။ သူ့ကိုလည်း စစ်ဆေးတဲ့အခါမှာလည်း ဆားငန်ရေတွေတွေ့ရပြီး ကြိုးနဲ့ချည်ခံထားရပရပုံပေါက်တာမို့ လူသတ်သမားက ကွင်းဆက်လူသတ်သမားဖြစ်နိုင်ခြေများလာပါတယ်။ ဒီအမှုတွေကို စုံစမ်းနေစဉ်မှာပဲ သူ့အနားကို ဝတ်စုံနီဝတ်ထားတဲ့ သရဲမက အမြဲရောက်လာပြီး နှောင့်ယှက်တာကို ခံနေရပါတယ်။ သူ့ကို အမြဲနှောင်ယှက်နေတဲ့ သရဲမနဲ့ ဒီအမှုတွေက ဘယ်လိုဆက်စပ်ပြီး ဘာကြောင့် စုံထောက်ကိုပဲ အမြဲတမ်းနှောင့်ယှက်နေရလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ အဖြေရှာကြရအောင်ပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(1.8GB) Quality__1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__01:44:00 Type__Horror, Mystery, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download |