
ဒီတခါတင်ဆက်ပေးမှာကတော့ သည်းထိတ်ရင်ဖို စိတ္တဇလူသတ်သမား ကားကောင်းလေးတကားပါ။ သွေးထွက်သံယိုပြကွက်တွေပါဝင်တာ ကြောင့် ကလေးသူငယ်များကြည့်ရှုရန်မသင့်တော်ပါဘူး။ ဇာတ်လမ်းလေးအကျဉ်းကတော့ ယုန်လေးဟာ ငယ်ငယ်လေးကတည်းက သူ့ရဲ့ အမေနဲ့ ရုပ်ရှင်အတူကြည့်ပြီး အိမ်အပြန်လမ်းမှာစိတ္တဇလူသတ်သမားတယောက်ဖြစ်တဲ့ တက္ကစီသမား "ဘော့ဘ်" က ပြန်ပေးဆွဲတာကိုခံလိုက်ရပြီး သူကတော့ "ဘော့ဘ်" ရဲ့အိမ်မှာပဲ အဖမ်းခံထားရရင်း "ဘော့ဘ်" ကခိုင်းသမျှကို နှစ်ပေါင်းများစွာ လုပ်ပေးခဲ့ရတဲ့ ကောင်လေးတယောက်ပါ။ ဖမ်းလာတဲ့အချိန်ကနေ အရွယ်ရောက်တဲ့အထိ ခြေထောက်မှာသံကြိုးနဲ့ခတ် ထားတာကိုခံရပြီး "ဘော့ဘ်" လုပ်သမျှသွေးတွေကိုသန့်ရှင်းရေးလုပ်လိုက်၊ အလောင်းတွေကိုမြေမြုပ်လိုက်လုပ်ပေးနေရာကနေ တနေ့မှာတော့ "ဘော့ဘ်" ကသူ့ရဲ့ ခြေရာကိုလိုက်နင်းနိုင်ဖို့ ယုန်လေးကိုလည်း လူသတ်သမား တယောက်ဖြစ်လာအောင် လေ့ကျင့်ပေးဖို့ လုပ်ပါတော့တယ်။ ယုန်လေးကပဲ "ဘော့ဘ်" ရဲ့ ခြေရာကိုလိုက်နင်းပြီး စိတ္တဇလူသတ်သမား တယောက်ဖြစ်လာမလား၊ ပုံမှန်ဆိုရင် ကောင်မလေးတွေကိုပဲ ပြန်ပေးဆွဲပြီး သတ်လေ့ရှိတဲ့ "ဘော့ဘ်" က သူနဲ့ သူ့ရဲ့အမေ နှစ်ယောက်ကိုမှရွေးပြီးဘာလို့ ပြန်ပေးဆွဲခဲ့တာလဲ ဒီအကြောင်းအရာရဲ့ နောက်ကွယ်မှာရောဘယ်လို အကြောင်းအရာတွေရှိနေမလဲဆိုတာကို စိတ်ဝင်စားစရာ ရင်တထိတ်ထိတ်နဲ့ ဆက်လက်ကြည့်ရှုပေးပါဦးခင်ဗျ။ File size…1.16GB / 514MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 34m Genre ..... Horror , Crime, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tmmt
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.16GB | Download | |
| 1080p | 1.16GB | Download | |
| 720p | 514MB | Download | |
| 720p | 514MB | Download |