
ဒီဇာတ်ကားရဲ့ ပထမတစ်ကားဖြစ်တဲ့ I Spit On Your Grave ကို ကြည့်ဖူးမယ်ဆိုရင် ဒီကားဟာ လက်စားချေတဲ့ကားဆိုတာ သိကြမှာပါ။ ကိုယ့်ကိုအုပ်စုဖွဲ့ မုဒိမ်းကျင့်သွားသူတွေကို ပြန်လက်စားချေဖို့ကြိုးစားတဲ့ horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ မော်ဒယ်တစ်ယောက်ဖြစ်တဲ့ ကေတီ ဟာ အပို၀င်ငွေလေးရဖို့ စားသောက်ဆိုင်တစ်ခုမှာ အချိန်ပိုင်း အလုပ်၀င်လုပ်နေတာဖြစ်ပါတယ်။ ဒါပေမယ့် မော်ဒယ်လောကမှာ သူ့နာမည်ထင်ပေါ်ချင်တာကြောင့် အခမဲ့ဓာတ်ပုံအရိုက်ခံမယ့် ကြော်ငြာတစ်ခုလုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ ဘူဂေးရီးယန်းညီအစ်ကို ဓာတ်ပုံဆရာတွေနဲ့ တွေ့ဆုံခဲ့ပြီး သူတို့တွေဟာ ကေတီကို အလွန်အမင်း စွဲလမ်းသွားကြပါတယ်။ ဒါပေမယ့် ကေတီရဲ့ အပေါ်ပိုင်းဗလာပုံရိုက်ဖို့ တောင်းဆိုလာတဲ့အခါမှာ ကေတီက ဓာတ်ပုံရိုက်တဲ့နေရာကနေ ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့နောက်ပိုင်းမှာ သူတို့လုပ်ရပ်တွေတစ်စတစ်စပိုပိုဆိုးရွားလာခဲ့ပြီး မုဒိမ်းကျင့်တဲ့အခြေအနေအထိဖြစ်သွားခဲ့ပါတယ်။အဲဒါကြောင့် ကေတီလည်း သူ့ကိုမုဒိမ်းကျင့်ပြီး လွတ်မြောက်နေကြတဲ့ အဲဒီဓာတ်ပုံဆရာတွေကို တဖန်ပြန်ပြီး လက်စားချေဖို့ကြိုးစားပါတော့တယ်။ File Size : 1.67GB, 803MB Quality : Blu-Ray 1080p , 720p format : mp4 Duration : 1hr & 46mins Genre : Horror , Thriller Encoded by Thit San Khant
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.6 GB | Download | |
| 720p | 803 MB | Download | |
| 1080p | 1.6 GB | Download | |
| 720p | 803 MB | Download |