
Aftermath (2021) အခု မိတ်ဆက်ပေးမယ့် Aftermath ဆိုတဲ့ ဇာတ်ကားကတော့ 2021 တုန်းက Netflix ကနေ ထွက်ရှိထားတဲ့ Horror ဇာတ်ကားပဲဖြစ်ပါတယ်။ X-Men ရုပ်ရှင်တွေထဲမှာပါဝင် သရုပ်ဆောင်ထားတဲ့ မင်းသားကြီး ရှောန်အက်ရှ်မောနဲ့ Twilight Saga ထဲမှာ ဇာတ်ဆောင်တစ်ဦးအဖြစ်ပါဝင်ခဲ့တဲ့ ဝါရင့်မင်းသမီးကြီး အက်ရှ်လေဂရင်းန်ကနေပြီးတော့ ဇာတ်ဆောင်တွေအဖြစ် ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်ကားကတော့ နာတာလီနဲ့ ကယ်ဗင်ဆိုသူက သူတို့နှစ်ယောက်ရဲ့ ပထမအိမ်ထောင်ပျက်သွားကြပြီးတော့ နှစ်ယောက်သားနောက်အိမ်ထောင်သစ်ကို ထူထောင်ပြီး အတိတ်ဆိုးတွေကို မေ့နိုင်ဖို့အတွက် ကယ်ဗင်က အရင်အိမ်မှာမနေတော့ဘဲ နှစ်ယောက်သားအိမ်ပြောင်းဖို့ကို အကြံပေးရာကနေ စပါတယ်။ ဖြစ်ချင်တော့ မှုခင်းအိမ်တွေကို ရှင်းလင်းရေးလုပ်ပေးရတဲ့ ကယ်ဗင်က သူရှင်းခဲ့ပေးတဲ့ လူသတ်မှုဖြစ်ခဲ့တဲ့ အိမ်ဖြစ်နေပါတယ်။ သူကလည်း စျေးတန်တန်လေးနဲ့ရမယ်ဆိုပြီး နာတာလီကို အတင်းဝယ်ဖို့တိုက်တွန်းခဲ့ပါတယ်။ တကယ့်တကယ် ဇာတ်လမ်းကတော့ သူတို့နှစ်ယောက် အဲဒီအိမ်သစ်ကို ပြောင်းပြီးရာကနေစပြီးတော့ အကြောင်းဖန်လာပါတော့တယ်။ သူတို့နှစ်ယောက် အိမ်သစ်ကိုပြောင်းသွားပြီးနောက်ပိုင်း ဘာတွေဖြစ်လာမလဲ၊ ဘယ်လိုအခက်ခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့သွားရမလဲဆိုတာကတော့ ကိုယ်တိုင်သာ ဆက်ကြည့်လိုက်ကြပါ။ ဒီကားကို Horror ဆိုတဲ့ Genre မှာထည့်ထားပေမယ့်လည်း တကယ်တော့ Horror နည်းနည်းပဲပါပြီး Thrilling ပိုဖြစ်စေပါလိမ့်မယ်။ ဒါ့အပြင် လင်မယားနှစ်ယောက်ကြားမှာ ဖြစ်တတ်တဲ့ပြဿနာကို ဖော်ပြရိုက်ကူးပေးထားတဲ့ဇာတ်လမ်းဖြစ်လို့ ဆင်ခြင်စရာ သုတ၊ ကိုယ့်မိတ်ဆွေ အဖော်မွန်နဲ့အတူ မျှဝေခံစားလို့ရမယ့် ရသကောင်းကိုပါပေးစွမ်းနိုင်မယ့် Netflix ကထုတ်လုပ်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်လို့ ကြည့်လို့ကောင်းမှာကတော့ အသေအချာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.1GB, 575MB Quality - 1080p, 720p IMDb Rating - 5.3/10 Format - mp4 Duration - 1H 54Min Genre - Drama, Horror, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Mark Encoded by Y