![[REC]³ Genesis](https://image.tmdb.org/t/p/w1920/seixi70Y9P9uB1u5sYpptGDZVe8.jpg)
လူကြိုက်များတဲ့ Rec ရုပ်ရှင်စီးရီးရဲ့ သုံးကားမြောက်ဇာတ်ကားပဲဖြစ်ပါတယ်။ ရှေ့နှစ်ကားနဲ့မတူတဲ့ နေရာတစ်ခါမှာ အခြေတည်ထားပြီး ရှေ့နှစ်ကားထက်ပိုပြီးလေးနက်တဲ့ ခံစားမှုတွေကို ပေးစွမ်းနိုင်မယ့် ဇာတ်ကားဖြစ်တဲ့အတွက် Horror ချစ်ပရိတ်သတ်ကြီး အကြိုက်တွေ့မယ့် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ ရှေ့နှစ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်တဲ့ Paco Plaza မှရိုက်ကူးထားပြီး Diego Martin, Leticia Dolera, Javier Botet နဲ့ Alex Monner တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ မင်္ဂလာမောင်နှံဖြစ်တဲ့ ကိုဒိုနဲ့ကလာရာတို့ဟာ သူတို့နှစ်ဦးနဲ့ အချစ်ကိုပိုပြီးခိုင်မြဲစေဖို့အတွက် မင်္ဂလာပွဲကြီးကို မိသားစုမိတ်ဆွေ စုံစုံလင်လင်နဲ့ ကျင်းပနေပြီး တစ်ဦးနဲ့တစ်ဦး ချစ်ခြင်းမေတ္တာအပြည့်နဲ့ ဘဝခရီးကိုလျှောက်လှမ်းဖို့ အဆင်သင့်ဖြစ်နေခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ပျော်ရွှင်မှုတွေကို ဖျက်စီးမယ့်အကြောင်းအရာတစ်ခုကတော့ ကိုဒိုရဲ့ဦးလေးဖြစ်သူ ပဲပဲဗီတာဟာ တိရိစ္ဆာန်ဆေးကုခန်းကနေ ခွေးကိုက်ဒဏ်ရာတစ်ခုရလာခဲ့ပြီး တူဖြစ်သူရဲ့မင်္ဂလာဆောင်ကို ချီးမြှောက်ဖို့ ရောက်လာပါတော့တယ်။ ရှေ့ဇာတ်ကားနှစ်ကားကို ကြည့်ဖူးခဲ့ရင်တော့ ဒီခွေးကိုက်ဒဏ်ရာဟာ ဘယ်လောက်အထိ ဆိုးဝါးတဲ့အဖြစ်ဆိုးတွေဖြစ်စေလဲဆိုတာကို ကြိုတင်မှန်းဆနိုင်မှာဖြစ်တဲ့အတွက် ရှေ့နှစ်ကားကိုအရင်ဆုံးကြည့်ဖို့ အကြံပေးပါရစေ။ မင်္ဂစုံတွဲနှစ်တွဲကြားမှာရှိတဲ့ ချစ်ခြင်းမေတ္တာတွေ တစ်ဦးအပေါ်တစ်ဦးထားရှိတဲ့ သစ္စာတရားတွေကို သွေးသံတရဲရဲကို ကြည့်ရှုရမှာဖြစ်တဲ့အတွက် Horror ချစ်ပရိတ်သတ်ကြီး နှစ်သက်မယ့် ဇာတ်ကားတစ်ကားဖြစ်မယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ File Size : (1.8GB)(845MB) and (245MB) Quality : Blu-Ray1080P, 720p Format…mp4 Duration…01:20:00 Genre : Horror , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.8GB | Download | |
| 720p | 845MB | Download | |
| 1080p | 1.8GB | Download | |
| 720p | 845MB | Download |
ထုတ်လွှင့်သည့်နေ့
March 30, 2012
ကြာချိန်
1h 20m
အဆင့်သတ်မှတ်ချက်
5.2 / 10
Director
Paco Plaza