
Rangabali(2023) IMDb-5.5/10 သူ့နာမည်က ရှိုး။တစ်ရွာလုံးရဲ့ အော်ကြောလန် အကုန်လုံးလက်မြှောက်ထားရတဲ့ ရှိုး။'ရှိုး'ဆိုတဲ့ဖဲကစားနည်းသိတယ်မလား။ဖိန့်ရတာလေ။ ဒီထဲက မင်းသားချောရှိုးတယောက်ကလည်း ဖိန့်တဲ့နေရာ တော်ကီထုတဲ့နေရာမှာတော့ ယှဉ်နိုင်သူမရှိ သူ့ကိုသတိမထားမိရင်လည်း မကြိုက်။ရွာထဲကရန်ပွဲတိုင်း သူမပါရင်မပြီး။ သူ့အဖေက ဆေးဆိုင်ပိုင်ရှင်၊ သားဖြစ်သူကို ဆိုင်ဦးစီးခိုင်းစေချင်ပေမယ့် ဝမ်းချူဆေးနဲ့ ရာသီအကိုက်အခဲပျောက်ဆေးမှားပေးပြီးကတည်းက အယုံအကြည်မရှိတော့လို့ မြို့တက်ပြီး စာသင်ခိုင်းတော့တာ၊ အဲဒီမှာစတွေ့တာပဲ၊ဘယ်သူနဲ့လဲဆို သိမ်သိမ်မွေ့မွေ့ဆရာဝန်မလေးတယောက်နဲ့ပေါ့။ ရွှေခြေကျင်းဝတ်ထားတောင် ဘာသံမှမမြည်အောင် ဘယ်သူမှသတိမထားမိအောင်ဝတ်ထားမယ့် ဆရာဝန်မလေးနဲ့ လည်ပင်းကဆွဲကြိုးကို လူတကာမြင်စေချင်လို့ ကြယ်သီးဟထားတဲ့ ဆရာကြီးရှိုးတို့တွေ့တဲ့အခါမှတော့။ တော်ကီကြွယ်တဲ့ ဆရာရှိုးတယောက် ဆရာဝန်မလေးကိုလည်း ရွာပင့်ပြီး သေတပန်သက်ဆုံး ဆေးပေးမီးယူလုပ်နိုင်မလားဆိုတာ တော်ကီလည်းသင် ပျော်လည်းရွှင်စွာနဲ့ ကြည့်လိုက်ရအောင်လေ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~V~Saii~BpLတို့ပဲဖြစ်ပါတယ်) File size…2.95GB / 1.37GB Quality…1080p WEB DL /720p Format…mp4 Duration….2h 17m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~V~Saii~BpL