
Kisi Ka Bhai Kisi Ki Jaan (2023) ****************************************** ယခုတစ်ခါ ပရိသတ်ကြီးအတွက် တင်ဆက်ပေးမှာကတော့ 2023 ခုနှစ်ထွက် ရုံတင်ငွေ 182 ကုဋေထိရခဲ့တဲ့ ဆလူးဘိုင်လို့ ချစ်စနိုးခေါ်ကြတဲ့ စလ်မာန်ခန်းက ဘိုင်ဂျန်း(အကိုကြီး)နေရာက ဦးဆောင်ပါဝင်ထားပြီး ဆလူးရည်းစားသစ်လေး ပူဂျား၊ အာသောကမင်းသားဆစ်ဒါးသ်နီဂဟမ်နဲ့ မင်းသမီးချောလေး ဝရ်နာလီ ဘတ်နာဂရ်အပြင် တမီးလ်သရုပ်ဆောင်ကြီး ဂျဂါပသီဘာဘူကလည်း ကိုဒါသီ နာဂေးရှ်ဝရ်အဖြစ်နဲ့ အားဖြည့်ပါဝင်လာတဲ့ အက်ရှင်ဒရာမာ ရုံတင်ဇာတ်ကားသစ်လေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အကိုကြီးဂျန်းဆိုတဲ့ ဆလူးဘိုင်နဲ့ ညီသုံးယောက်ရှိပါတယ် သွေးမတော်သားမစပ် မိဘမဲ့ဂေဟာကပါ သူတို့ကို အကိုကြီးဂျန်းက မိဘမဲ့ဂေဟာမီးလောင်တော့ မွေးစားခဲ့ပြီး သူ့ညီသုံးယောက်နဲ့သူရဲ့ သံယောဇဉ်ကို အပြတ်မခံနိုင်လို့ အိမ်ထောင်မပြုပဲ လူပျိုကြီးလုပ်နေပါတယ် (အပြင်မှာကတော့ ကျန်ရစ်ဂေါ်မစွံပါ) ဒါပေမဲ့ သူ့ညီသုံးယောက်ကတော့ အကိုကြီးလို အိမ်ထောင်ရေးကို ရန်ငါမပြတ်ပဲ ရည်းစားလေးတွေ ကိုယ်စီခိုးထားထားပါတယ် အကိုကြီးကိုလည်း အရမ်းချစ် ရည်းစားလေးတွေကိုလည်းမခွဲနိုင်တော့ အကိုကြီး လူပျိုကြီးကိုပဲ အစွံထုတ်ပေးဖို့ သူတို့အကိုကြီးရဲ့ ex ကို မွမ်ဘိုင်းထိသွားရှာပြီး ခေါ်မလို့လုပ်ခဲ့ပေမဲ့ အကိုကြီးရဲ့ ex ကတော့ သူများရင်ခွင်ထဲရောက် လင်ရလို့ ကလေးတစ်ယောက်ပါ မွေးနေပြီမို့ အကိုကြီးကို သူ့ ex နဲ့နာမည်တူအမကြီးတစ်ယောက် ခေါ်လာပေးပြီး ဂျင်းထည့် ဝိုင်းအောင်သွယ်ပေးတဲ့အခါမှာ ဘာဆက်ဖြစ်လာမလဲ ညီအကိုတွေ ဘယ်လိုလွဲကြဦးမလဲ စသဖြင့် အက်ရှင် အချစ် ဒရမ်မာ စုံလင်နေအောင် ကြည့်ရှုရမဲ့ကားဖြစ်ပါတယ် လူပျိုကြီး ဆလူးဘိုင်တစ်ယောက် အပြင်က သူ့အချစ်ဇာတ်လမ်းနဲ့တောင်ဆင်နေတဲ့ ကျန်ရစ်ဇာတ်လမ်းလေးနဲ့အတူ သီချင်းလေးတွေဝေဝေဆာဆာနဲ့ ဘယ်လိုကြမ်းရမ်းပြမလဲဆိုတာကို ပရိသတ်တို့ အားပေးကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ် အညွှန်းရေးသားသူကတော့ Sai ဖြစ်ပြီး ဘာသာပြန်သူတွေကတော့ Sai ~ chiclon3 ~ BpL ~ Thaik San ~ Moon ~ Aditi တို့ပဲဖြစ်ပါတယ်။ File size…9.2GB / 3.5GB / 1.7GB Quality…4k WEB DL HEVC / 1080p WEB DL / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai ~ chiclon3 ~ BpL ~ Thaik San ~ Moon ~ Aditi