
Rampant (2018) ***************** ဒီတစ်ခေါက်ဇာတ်ကားကတော့ 2018ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ Action/Horror ရုပ်ရှင်ဖြစ်ပြီး Hyun Bin၊ Jang Dong Gun၊ Kim Eui Sung နှင့် နာမည်ကြီး သရုပ်ဆောင်များစွာတို့ ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ အရည်အချင်းမရှိတဲ့ဘုရင်ကြောင့် ချင်နိုင်ငံရဲ့ လက်အောက်ခံနိုင်ငံအဖြစ် သွတ်သွင်းခံထားရတဲ့ ဂျိုဆွန်းပြည်ကို လွတ်မြောက်ဖို့ကြိုးစားနေတဲ့ စစ်မက်ရေးရာအမတ်ဂင်ရဲ့ လျှို့ဝှက်ကြံစည်မှုကြောင့် အိမ်ရှေ့စံမင်းသားသေဆုံးသွားပြီး ညသရဲလို့ခေါ်တဲ့ မကောင်းဆိုးဝါးတွေ ရောက်ရှိလာပါတော့တယ်။ တစ်ဖက်မှာလည်း ဂျိုဆွန်းမှာမွေးပြီး ချင်နိုင်ငံမှာ ကြီးပြင်းလာတဲ့ မင်းသားဂန်ရင်းက အိမ်ရှေ့စံရဲ့ သေတမ်းစာကို ရရှိပြီး ဂျိုဆွန်းကိုပြန်ရောက်လာပါတော့တယ်။ ရောက်ရောက်ချင်းပဲ အမတ်ဂင်ရဲ့ လုပ်ကြံရေးအဖွဲ့အပြင် ညသရဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အိမ်ရှေ့စံရဲ့ အစေခံရဲမက်နဲ့ တွေ့ဆုံကာ အခြေအနေတွေကို တဖြည်းဖြည်းချင်း နားလည်လာပါတော့တယ်။ နောက်ဆုံး အမတ်ဂင်ရဲ့ အကြံအစည်တွေကြောင့် မင်းကြီးသေဆုံးကာ နန်းတော်တစ်ခုလုံး ညသရဲအဖြစ် ပြောင်းလဲသွားပြီး ဂျိုဆွန်းတစ်ပြည်လုံးကို ကယ်တင်ဖို့ မင်းသားဂန်ရင်းရဲ့ တာဝန်ဖြစ်လာတဲ့အခါမှာတော့… မင်းသားဂန်ရင်းက သူ့တာဝန်ဖြစ်တဲ့ ဂျိုဆွန်းကို ကယ်တင်ပြီး ညသရဲတွေကို ဘယ်လိုနှိမ်နင်းသွားမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ (ဇာတ်လမ်းအကျဉ်းကို Stary မှ ရေးသားပေးထားပါတယ်။) File Size : 2.15GB/ 870MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…02:02:00 Genre : Action, Thriller, Historical, Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Stary Encoded by Tiff