
၂၀၂၃ မှာ အသစ်ထွက်ရှိလာတဲ့ Kamen Rider Revice ရဲ့ ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ မူရင်းဇာတ်လမ်းတွဲအပြီးမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီရုပ်ရှင်မှာတော့ Kamen Rider Revice က အဓိကဇာတ်ကောင်မဟုတ်ဘဲ Kamen Rider Live & Evil, Kamen Rider Demon တို့က အဓိကဇာတ်ကောင်များဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒိုင်ဂျီနဲ့ ကာဒိုတာ တို့ဟာ Bluebird ဆိုတဲ့ အဖွဲ့အစည်းမှာ ဆက်လက်လုပ်ကိုင်နေကြပါတယ်။ ကာဒိုတာလည်း မျိုးရိုးဗီဇပြုပြင်ရေးဌာနက ဒေါက်တာ အီချီမူရာထံမှာ ဆေးကုသမှုခံယူနေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ Alicorn ဆိုတဲ့ အကြမ်းအဖက်အဖွဲ့အစည်းပေါ်ပေါက်လာပြီး ကလေးတွေကို ပြန်ပေးဆွဲခဲ့ပါတယ်။ ဒိုင်ဂျီနဲ့ ကာဒိုတာလည်း အဆိုပါကလေးတွေကို ဝင်ရောက်ကယ်တင်ရင်း Alicorn ကိုဖြိုခွင်းဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကာဒိုတာရဲ့ နတ်ဆိုး ပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။ ဘာလို့ ကာဒိုတာရဲ့ နတ်ဆိုးက ပြန်လည်ပေါ်ပေါက်လာတာလဲ? Alicorn ဆိုတဲ့ အဖွဲ့အစည်းကရော ဘာလဲဆိုတာ Plot twist များစွာနဲ့ ကြည့်ရမှာပါ။ ကျွန်တော့်အမြင်ပြောရရင် ဇာတ်လမ်းပိုင်းက ကျစ်လစ်ပြီးတော့ Plot twist ကလည်း ထင်မထားတာဖြစ်တာမို့ "အော် အဲလိုလား" ဆိုတဲ့ ခံစားချက်မျိုးရခဲ့ပါတယ်။ မူရင်းဇာတ်လမ်းထဲက Main Rider ဇာတ်လမ်းမဟုတ်ပေမယ့် Kamen Rider Live&Evil, Kamen Rider Demon တို့ဟာလည်း ဇာတ်အိမ်ခိုင်မာတဲ့ Riders တွေဖြစ်တာမို့ ကြည့်လို့ကောင်းပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre..... Action, Adeventure, Drama, Fantasy Quality…. 1080p | 720p | 480p File size… 1.7GB | 882MB | 415MB Format… mp4 Duration…. 1h 17min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Leonard Lin Encoder ..... Aaron
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.7GB | Download | |
| 720p | 882MB | Download | |
| 1080p | 1.7GB | Download | |
| 720p | 882MB | Download |