
အမေရိကကို ပြင်ပကနေ ဘယ်တော့မှ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး။ကျုုုပ်တို့အင်အားချိနဲ့ပြီး လွတ်လပ်မှုတွေ ဆုံးရှူံးရပြီဆိုရင် ဒါဟာကျုပ်တို့ကိုယ်တိုင် ဖျက်ဆီးပစ် တာကြောင့်ပဲ ဖြစ်လိမ့်မယ်။(အေဘရာဟမ်လင်ကွန်း) သမ္မတလင်ကွန်း ဆိုခဲ့သလို စစ်ရေး၊ စီးပွားရေး မဟာအင်အားကြီးစူပါပါဝါအမေရိကကို ပြင်ပကမ္ဘာက ဖျက်ဆီးနိုင်ဖို့၊ ရန်သတ္တရုပြုဖို့ဆိုတာ မလွယ်လှသလို၊ ဆိုးရွားပြင်းထန်တဲ့ အကျိုးဆက်တွေနဲ့ကြုံတွေ့ရမှာ မြေကြီးလက်ခတ်မလွဲပါပဲ။ 'သွေးထွက်သံယိုမှုမရှိဘဲ နိုင်ငံတစ်ခုကို မတည်ဆောက်နိုင်' ဆိုတဲ့အတိုင်း လင်ကွန်းကိုယ်တိုင်ထိတ်လန့်ခြောက်ခြားဖွယ်ရာ သွေးသံရဲရဲ အနိဌာရုံတွေ၊ တိုက်ခိုက်သတ်ဖြတ်မှုတွေကို ရှောင်လွှဲမရစွာ လုပ်ဆောင်ခဲ့ရတာလည်း ရှိလေရဲ့။ လင်ကွန်းရဲ့ ကျော်ကြားလှတဲ့ အထက်ပါစကားရပ်လို အမေရိကကိုအပြီးတိုင် ဖျက်ဆီးပစ်မယ့် ရန်သူဟာ နိုင်ငံအတွင်းမှာ တကယ်ကိုရှိနေခဲ့ပါပြီ။ အေဘရာဟမ်လင်ကွန်း လို့ဆိုလိုက်တာနဲ့အမေရိကရဲ့ ၁၆ ယောက်မြောက်သမ္မတ၊ ငွေဝယ်ကျွန်စနစ် ပပျောက်ရေး ကြိုးပမ်းသူစတဲ့ သမိုင်းအချက်အလက် တွေကိုသာ သတိရကြစမြဲပါ။ လင်ကွန်းနဲ့ပတ်သက်ပြီး အလွန်အရေးကြီးလှသည့်တိုင် သမိုင်းမတွင်တဲ့ အကြောင်းခြင်းရာတစ်ခုကတော့ အင်မတန် လူသိနည်း လှပါတယ်။ အဲဒါကတော့လင်ကွန်းဟာ နေ့ဘက်မှာ တိုင်းပြည်ကို သမ္မတအဖြစ် စီမံအုပ်ချုပ်ပြီး၊အကာလ ညအခါမှာ သွေးစုပ်ဖုတ်ကောင်တွေကို လိုက်လံသုတ်သင် ချေမှုန်းသူတစ်ဦး ဆိုတာပါပဲ။ ဒီသမိုင်းဖြစ်ရပ်တွေကို ဆက်သ်ဂရေဟမ်စမစ်သ် က လေ့လာဖော်ထုတ် ဇာတ်ညွှန်းခွဲပြီး၊ ဒါရိုက်တာ ဘက်ခ်မမ်ဘီတော့ဗ် က ရိုက်ကူးတင်ပြလိုက်တဲ့အခါ -Abraham Lincoln: Vampire Hunter ဆိုပြီး ဖြစ်လာပါတယ်။ ခေါင်းဆောင်မင်းသား ဘင်ဂျမင်ဝေါ်ကာရဲ့အထူးပီ ပြင်လှတဲ့ အင်ပြည့်အားပြည့် သရုပ်ဆောင်ချက်တွေ၊ သွေးပျက်ခြောက်ခြားစရာ တိုက်ခိုက်ခန်းတွေ၊ အန်ထော်နီမက်ကီ၊ ဒေါမနစ်ကူးပါး စတဲ့ ဇာတ်ပို့ကောင်းတွေ၊ မင်းသမီးချော မယ်ရီအဲလီဇဘက်သ်ဝင်းစတက်ဒ် ရဲ့ အားဖြည့်မှုတွေနဲ့ဇာတ်ကားကောင်းတစ်ကားလို့ ဆိုနိုင်ပါတယ်။ ၂၀၁၂ က ထွက်တဲ့ ဒီဇာတ်ကားကို ထိတ်လန့်သဲဖိုအက်ခ်ရှင်ကားအဖြစ်သာ ကြည့်ဖို့တော့ အကြံပြုချင်ပါတယ်။ စတီဗင်စပီးလ်ဘာ့ဂ် ရိုက်ကူးပြီး၊ ဒန်နီယယ်လ်ဒေးလူးဝစ္စ အော်စကာဆုရခဲ့တဲ့Lincoln နဲ့နှိုင်းယှဉ်မကြည့်ဘဲ၊ ပေါ့ပေါ့ပါးပါး action&horror ကားအဖြစ် ကြည့်မယ်ဆိုရင် Abraham Lincoln: Vampire Hunter ဟာ ကြည့်ပျော်ရုံအဆင့်ထက် များစွာသာလွန်ကြောင်းပါ။ File size…2.1GB / 1.1GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 45m Genre ..... Action , Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.53GB | Download | |
| 720p | 783MB | Download | |
| 1080p | 1.53GB | Download | |
| 720p | 783MB | Download |