
အခုတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးကို Ramaiya Vastavaiya လို့ အမည်ရတဲ့ ကားဟောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားကတော့ Romantic Drama ဆိုတဲ့ အမျိုးအစားဖြစ်တဲ့အလျောက် လူငယ်လေးနှစ်ယောက် ဖူးစာစုံမက်ကာ ချစ်ကြိုက်ခဲ့ပြီး တူနှစ်ကိုယ်ပေါင်းဖက်ခွင့်ရဖို့ အခက်အခဲတွေ ကျော်လွှားရပုံကို ဟာသနှောရင်း ရိုက်ကူးပုံဖော်ထားတာပဲ ဖြစ်ပါတယ် ရမ်လို့အမည်ရတဲ့ ကောင်လေးဟာ ဘီလီနာမိဘနှစ်ပါးကနေ ပေါက်ဖွားလာပြီး ဩစတြေးလျမှာ ကြီးပျင်းလာခဲ့တဲ့ မြို့ကြီးသားသူဌေးသားလေးပါ ဆိုနာဆိုတဲ့ ကောင်မလေးကတော့ အစ်ကိုဖြစ်သူ ရတ်ဒ်ဟူးဗီကို ဖခင်လိုမိခင်လို ဆည်းကပ်ရင်း အစ်ကိုတစ်ယောက်ညီမတစ်ယောက်ဘဝနဲ့ ဘဝကိုဖြတ်သန်းနေတဲ့ ရိုးရိုးသားသား ကျေးတောသူလေးပေါ့ တစ်နေ့မှာတော့ သူငယ်ချင်းဖြစ်သူက မင်္ဂလာပွဲကို လာဖို့ အိမ်ကိုဖိတ်ရင်း ရမ်နဲ့ဆိုနာတို့ ကံကြမ္မာစုံမက် ဖူးစာဖက်ကာ နှစ်ယောက်သားအတူ ချစ်ကျွမ်းဝင်ခဲ့ကြပါတယ် ဒါပေမဲ့လည်း ရမ်ရဲ့မိခင်ဟာ ဒီအကြောင်းကို သိသွားပြီးတဲ့နောက် ရမ်ကို သူမမောင်ရဲ့စီးပွားရေးမိတ်ဖက်ရဲ့သမီးဖြစ်သူနဲ့ နေရာချထားပေးဖို့ စီစဥ်ပါတော့တယ် ကံဆိုးမသွားရာ မိုးလိုက်လို့ရွာတယ်လို့ပဲ ပြောရမလား ရမ်ရဲ့အမေ ဆိုနာ့ကို ငွေကြေးချို့တဲ့တဲ့အတွက်ကြောင့် ပုတ်ခတ်ပြောဆိုနေစဥ် ဆိုနာ့အစ်ကိုဖြစ်သူ ရတ်ဒ်ဟူးဗီ ရောက်လာပါတော့တယ် ရမ်တစ်ယောက် အကြပ်တွေ့ပြီး အမေဖြစ်သူနဲ့နေခဲ့ရင် မချစ်နှစ်သက်တဲ့သူနဲ့ လက်ထပ်ပြီး ဆိုနာနဲ့ဝေးရမှာဆိုးတဲ့အတွက်ကြောင့် ဆိုနာတို့အိမ်ကိုပဲ လိုက်လာခဲ့ပါတော့တယ် ရတ်ဒ်ဟူးဗီကရော သူဖူးဖူးမှုတ်ချစ်နေရတဲ့ ညီမလေးရဲ့ ချစ်သူကောင်လေး ရမ်ကို ဘယ်လိုတွေ စမ်းသပ်သွားမလဲ... အချစ်အတွက်သာဆို ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကို ဖြတ်မယ်လို့ ကြွေးကြော်ထားတဲ့ ရမ်တစ်ယောက် တကယ်တမ်း သူပြောတဲ့အတိုင်း အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်ပါ့မလားဆိုတာ စိတ်ဝင်တစားနဲ့ စောင့်မျှော်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် File size…4.54 Gb / 1.84GB Quality…1080p TRUE WEBDL Hindi AAC5.1CH / 720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Shwe Pwint & Lwin Htoo Aung
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.2 GB | Download | |
| 720p | 650 MB | Download |