
"မှန်ရှေ့မှာဖီးလိမ်းခြယ်သ၊ ဝတ်ကောင်းစားလှတွေဝတ်ပြီး တခြားသူတွေလို ပါတီပွဲတွေမှာ ပျော်ချင်တယ်ပေါ့လေ၊ အဖိတ်မခံရတာဆိုးတာပဲနော" လူအိုရုံ တစ်ခုရဲ့ဝန်ထမ်းလူငယ်က မင်္ဂလာဆောင်သီချင်းကို နှစ်နှစ်သက်သက်နားထောင် နေတဲ့ အဘိုးအဘွားတွေကိုပြောတဲ့စကား၊ နောက်တစ်ယောက်ကပြောတယ်၊ အဘိုးအဘွားတွေကိုကုတင်မှာချုပ်ထားရတာက ထွက်ပြေးရင်လိမ့်ကျပြီး အနာတရဖြစ်မှာစိုးလို့ မတတ်နိုင်ပါဘူးတဲ့လေ။ အိုမင်းရင့်ရော်နေတဲ့ဘဝတစ်ခုရဲ့နောက်ဆုံးအချိန်မှာ အထီးကျန်ခြင်းဆိုတာကိုပဲ သိတော့တယ်။ "old people" ဆိုတဲ့ ဒီဂျာမန် horror thriller ရုပ်ရှင်ဟာ အထီး ကျန်လှတဲ့ ဘဝနေဝင်ချိန်ကိုဖြတ်သန်းနေရတဲ့ အဘိုးအဘွားတွေအကြောင်းနဲ့ မိသားစုထဲက သံယောဇဉ်တွေ၊မေတ္တာတွေအကြောင်းကို တစ်ဖက်လှည့်နဲ့ ရိုက်ကူး ပုံဖော်ပေးထားတာပါပဲ၊ စိတ်ဝင်စားစရာကောင်းတာက ဇာတ်အေးကြီးမဟုတ်ဘဲ horror ဆန်ဆန်လေးပေါ့နော်၊ ဇာတ်လမ်းကြည့်ပြီးသွားရင်တော့တွေးစရာတွေကျန်ခဲ့လောက်တယ်ဗျ၊ ကိုယ်ရော အသက်ကြီးနေပြီဖြစ်တဲ့ကိုယ့်အဘိုးအဘွားနဲ့မိဘတွေအပေါ်မှာဘယ်လိုဆက်ဆံလေ့ ရှိလဲ၊ ပစ်ထားမိလား၊ ကိုယ့်အလှည့်ကျရင်ရောဘယ်လိုဖြစ်မှာလဲ။ old people ဟာ fav list ထဲထည့်လို့မရရင်တောင်မှ one time watch အနေနဲ့တော့ ကြည့်ကောင်းမယ့် ကားလေးပါလို့ ညွှန်းလိုက်ပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size..........(1.0 GB) / (435 MB) / (241 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 41mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Drama Translator.......Ngwe Zin Encoder..........SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.0 GB | Download | |
| 720p | 435 MB | Download | |
| 1080p | 1.0 GB | Download | |
| 720p | 435 MB | Download |
ထုတ်လွှင့်သည့်နေ့
October 7, 2022
ကြာချိန်
1h 41m
အဆင့်သတ်မှတ်ချက်
5.7 / 10
Director
Andy Fetscher