
လူတွေဟာ ရာထူးနေရာတစ်ခု ရသွားတဲ့အခါ အဲဒီနေရာကိုစွန့်စားပြီး အခြားသူတွေအကျိုးအတွက် အမှန်ကိုထုတ်ပြောရဲဖို့ သတ္တိတွေ ပျောက်ဆုံးသွားတတ်ကြပါတယ်။ ဒီရုပ်ရှင်ကတော့ ဒီလိုသတ္တိရှိခဲ့သူ တစ်ယောက်ရဲ့ အကြောင်း ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ လူတိုင်းတစ်ခေါက်လောက်တော့ ကြည့်ဖူးသင့်တဲ့ အမျိုးအစားပါပဲ။ အကြောင်းအရာကတော့ အီရတ်ကို ဗြိတိန်နဲ့အမေရိကန်တို့ ဝင်တိုက်တော့မယ် ကာလမှာ ဖြစ်ခဲ့တာပါ။ အီရတ်မှာ လူအစုလိုက်အပြုံလိုက် သေစေနိုင်တဲ့လက်နက်တွေ ရှိတယ်လို့ သက်သေမပြနိုင်သေးချိန်။ ကုလသမ္မဂသဘောတူညီချက် မရသေးခင်အချိန်ပဲ ဖြစ်ပါတယ်။ ဒီအချိန်မှာ အီရတ်ကို တရားဝင်ကျူးကျော်ပြီး ဆဒမ်ဟူစိန်ကို ဖြုတ်ချဖို့အတွက်ဆို ကုလရဲ့ သဘောတူညီချက်လိုပါတယ်။ မဟုတ်ရင် အမေရိကန်နဲ့ဗြိတိန်ကို စစ်ရာဇဝတ်မှုနဲ့ တရားစွဲဆိုခံရနိုင်ပါတယ်။ ဒီကာလမှာ ဗြိတိန်ထောက်လှမ်းရေး GCHQ ရဲ့ ဝန်ထမ်း ကတ်သရင်း ထရီဆာ ဂန်းဆီကို အမေရိကန် NSA က စာတိုတစ်စောင်ဝင်လာပါတယ်။ ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံငယ်တွေက ကိုယ်စားလှယ်တွေကို အကြပ်ကိုင်ဖို့ပါပဲ။ ဒါကိုလက်မခံနိုင်တဲ့ ကတ်သရင်းက ဒီစာကိုခိုးထုတ်ပြီး ဖြန့်လိုက်ချိန်မှာ ဆက်ဖြစ်လာတဲ့ ပြဿနာတွေကို ဆက်ကြည့်ကြည့်လိုက်ပါ။ အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး အသုံးလေးတွေ မှားတာရှိရင် သည်းခံပေးကြပါ။ အတတ်နိုင်ဆုံး နားလည်အောင် ဘာသာပြန်ပေးထားပါတယ်။ File Size : (1 GB , 396 MB ) Quality : WEB-DL 720p Running Time : 1 hr 52 min Format : Mp4 Genre : Biography , Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Moe Myint Lwin
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download |