
ဒီဇာတ်ကားကတော့ ဒါရိုက်တာ Philip Cable ရိုက်ကူးထားပြီး Rene Aranda, Philip Cable, Javier Cazares, Ray Quiroga စတဲ့ နာမည်ကြီး မင်းသား၊ မင်းသမီးကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ revenge ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ရှယ်လီဆိုတဲ့ မင်းသမီးနဲ့ စတန်းဂိုးမန်းဆိုတဲ့ တက်သစ်စ ဒါရိုက်တာတို့ဟာ အရမ်းချစ်ကြတဲ့ စုံတွဲတွေဖြစ်ပါတယ်။ စတန်းဂိုးမန်းက ရှယ်လီ့အတွက်တော့ အမှောင်ထုထဲက အလင်းရောင်လို ဖြစ်တည်မှုမျိုးပါတဲ့။ ဒါပေမယ့် ရုပ်ရှင်လောကကို သိမ်းပိုက်ချင်တဲ့ကော့ဒ်ဆိုတဲ့ ဂိုဏ်းခေါင်ဆောင်နဲ့ ခေါင်းမာတဲ့စတန်းဂိုးမန်းတို့ ပြဿနာ တက်ကြရင်းကနေ စတန်းဟာ အသတ်ခံလိုက်ရပါတော့ တယ်။ အလင်းရင်းမြစ်ကို ဆုံးရှုံးလိုက်ရတဲ့ရှယ်လီတစ်ယောက် သူမဘဝမှာ အမှောင်ထုတွေ ပြန်လည်ဖုံးလွှမ်းလာပြီး လက်စားချေမယ့်ခရီးစဉ်ကို စတင်ပါတော့တယ်။ ဒေါသတွေနဲ့ ရူးသွပ်နေတဲ့ ရှယ်လီတစ်ယောက် ကော့ဒ်တို့ရဲ့ အင်အားတောင့်တင်းတဲ့ ဂိုဏ်းကြီးကိ ဘယ်လိုမျိုး လက်စား ပြန်ချေဖို့ အစီအစဉ်ချမှာလဲ…. ရဲအရာရှိပတ်စ်တွန်နဲ့ လစ်ပ်တွန်တို့ ပူးပေါင်းအဖွဲ့ကရော ဒီအမှုကိုအဆုံးအထိ လိုက်ပါဖြေရှင်းနိုင်ပါ့မလား…. ရှယ်လီရဲ့ လက်စားချေမှုက အောင်မြင်မှာလား… ကျရှုံးသွားမှာလား… ရှယ်လီကရော နောက်ဆုံးဘာဖြစ်သွားမလဲ…. ဒါတွေကို ဒီဇာတ်ကားလေးကို ကြည့်ရှုရင်း အဖြေရှာရမှာပါ။ File size… (1.12 GB) / (564 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 24m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K