
IMDb...7.0 ကိုဗစ်ကာလလည်းဖြစ်တော့ ရုပ်ရှင်ရုံတွေနဲ့လည်းဝေးတဲ့အပြင် ရုံကားကောင်းတွေလည်း ထွက်ဖို့ခက်ခဲလာပုံရပါတယ်... အရမ်းကိုကောင်းပါတယ်ဆိုတဲ့ကားတွေဟာ လက်ချိုးရေလို့တောင်ရလာပါတယ်.... ဒီတော့ ဝမ်းသာစရာသတင်းကောင်းကတော့ ကျွန်တော်တို့ရဲ့မင်းသားကြီး တွန်ဟန့်ရဲ့ကားသစ်ကြီးထွက်လို့လာတာပါပဲ.... ဘာကားလဲဆိုတာထက် မင်းသားကြီးနာမည်ပါရုံနဲ့ ပြည့်စုံနေတယ်လို့ပြောရင်မမှားပါဘူး... အငြိမ်းစားခြေလျင်တပ်သားဟောင်းဖြစ်တဲ့ ကပ္ပတိန် ဂျက်ဖာဆင်ကိုင်လ်ကစ်ဟာ စိတ်ဝင်စားဖွယ် သတင်းလေးတွေဖတ်ပြပြီး ငွေရှာရင်း တစ်မြို့ဝင်တစ်မြို့ထွက်သွားလာနေတဲ့သူပါ။ ဒီလိုလှည့်လည်နေရင်းနဲ့ တစ်နေ့မှာ နှစ်အတော်ကြာကြာ အင်ဒီးယန်းသူပုန်တွေရဲ့ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကိုင်အိုဝါမျိုးနွယ်ကလေးမလေးနဲ့ တွေ့ခဲ့ပါတယ်။ ကောင်မလေးကို သူ့ရဲ့ကျန်နေတဲ့မိသားစုဝင်တွေဆီ ပြန်ပို့ခိုင်းပေးဖို့ အကူအညီလိုက်ရှာခဲ့တယ်.... ဘာသာစကားအခက်တွေကြောင့်ရော လမ်းခရီးမှာ အကြမ်းဖက်အဖွဲ့စုံများနေတာတွေရော ဒုက္ခမျိုးစုံရှိနေတော့ ဒီအလုပ်ကို ပိုက်ဆံရရင်တောင်ကူညီဖို့လူမရှိကြဘူး... အဲ့ဒီနောက်တော့ သူကိုယ်တိုင်ပဲဒီ အန္တရယ်လမ်းကို လိုက်ပို့ပေးဖို့ဖြစ်လာပါတော့တယ်.... ထွေထူးတော့မညွှန်းတော့ပါဘူး.... ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး..... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Khine Khine Wai နဲ့ Ei Phyu Khin တို့ဖြစ်ကြပါတယ်။ File Size : 2.26GB/1.2 GB Quality : 1080p5.1CH / 720p Format…mp4 Duration…1h 58min Genre : Action, Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Khine Khine Wai & Ei Phyu Khin Encoded by Myoko
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |