
မိတ်ဆွေတို့အနေနဲ့ ကိုယ့်ဟာ နယ်ပယ်တစ်ခု၊ အလုပ်တစ်ခုမှာ မဖြစ်မနေအောင်မြင်ရမယ်ဆိုပြီး အလိုလိုသိနေတဲ့ ဗီဇစိတ်( instinct mind) (တစ်နည်း )တစ်ခုခုမှာ ကိုယ့်ကိုယ်ကိုပါရမီပါနေတယ်လို့ ကံသေကံမအခိုင်အမာ ယုံကြည်ဖူးပါသလား။ ဥပမာ- ငါဟာ သီချင်းဆိုတဲ့ အဆိုတော်အဖြစ် တစ်နေ့မုချအောင်မြင်လိမ့်မယ်ဆိုတာမျိုး၊ ငါဟာ ဘောလုံးအားကစားမှာ ပရိုကစားသမားတစ်ယောက်အဖြစ် တစ်နေ့အောင်မြင်လိမ့်မယ်ဆိုတာမျိုး၊ ငါဟာ စာရေးဆရာတစ်ယောက်အဖြစ် bestseller တန်းဝင်ပြီး တစ်နေ့မုချအောင်မြင်လိမ့်မယ်ဆိုတာမျိုး အခိုင်အမာ ကိုယ့်ကိုကိုယ်သိနေ၊ ယုံကြည်နေတာမျိုး ရှိဖူးခဲ့ပါသလား။ စာရေးသူအနေနဲ့တော့ ကိုယ်တိုင်ရှိခဲ့ဖူးသလို မိတ်ဆွေတို့မှာလည်း တစ်မျိုးမဟုတ်တစ်မျိုး၊ တစ်ခုမဟုတ်တစ်ခုမှာ ရှိမယ်ဆိုတာ သေချာပေါက်ပြောနိုင်ပါတယ်။ မိတ်ဆွေကိုယ်တိုင် မသိဘူးထင်ရပေမယ့် အတွင်းမသိစိတ်မှာတော့ မိတ်ဆွေဟာ နယ်ပယ်တစ်ခုခုမှာ ပါရမီအရမ်းရှိနေတာမျိုး၊ အဲ့လိုရှိမှန်းမသိသည့်တိုင် မိတ်ဆွေဟာ ထူးချွန်နေတာမျိုး ရှိတတ်ပါတယ်။ အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းကလည်း အဆိုပါသဘောတရားကို အနည်းငယ်ကျောရိုးယူပြီး ဇာတ်အိမ်တည်ထားတဲ့ ဟောလိဝုဒ် Western ရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။ Western ရုပ်ရှင်ပီပီ အပစ်အခတ်၊ အကြမ်းအရမ်းတွေပါသော်လည်း သူတို့ချည်းသက်သက်မဟုတ်ဘဲ money heist ဆန်ဆန် twists and turns လေးတွေထည့်ပြီး အထက်မှာဖော်ပြခဲ့တဲ့သဘောတရားနဲ့ ပိုကာလောကအကြောင်းရောသမမွှေထားတဲ့ တစ်မူဆန်းသစ်ကွဲပြားတဲ့ western ရုပ်ရှင်ဖြစ်လို့ သမရိုးကျ cowboy ရုပ်ရှင်တွေနဲ့မတူတဲ့ ရသတစ်မျိုးကို ခံစားရမှာပါ။ အဓိကဇာတ်ဆောင်ကတော့ သရုပ်ဆောင်ရော၊ ဒါရိုက်တာအဖြစ်ပါ အနုပညာစန်းပါတဲ့ မင်းသားကြီး Mel Gibson ဖြစ်တဲ့အတွက် သရုပ်ဆောင်ကောင်းမွန်မှု၊ ဇာတ်လမ်းဇာတ်အိမ်ခိုင်မာမှုကို အထူးတလည်ညွှန်းဆိုနေစရာ လိုမယ်မထင်တော့ပါဘူး။ Mel Gibson၊ James Garner၊ Jodie Foster၊ James Coburn၊ Alfred Molina၊ Geoffrey Lewis၊ Dub Taylor အစရှိတဲ့ ၉၀ ပြည့်လွန်နှစ်တွေရဲ့ ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေနဲ့ အားဖြည့်တင်ဆက်ထားပါတယ်။ Roy Huggins ရဲ့ Maverick ဆိုတဲ့နာမည်တူဝတ္တုအပေါ်မှာပဲအခြေခံထားပြီး ဇာတ်ညွှန်း William Goldman၊ ဒါရိုက်တာ Richard Donner ကတာဝန်ယူရိုက်ကူးကာ Warner Bros. ကုမ္ပဏီကနေ 1994 ခုနှစ် မေလမှာဖြန့်ချိခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး မဲဗရစ်ခ်( Mel Gibson) ဟာ သူ့ကိုယ်သူ ဖဲဝိဇ္ဇာကြီးတစ်ယောက်လို့ စိတ်ကြီးဝင်နေသူပါ။ ဖြစ်ချင်တော့ အမေရိကန်အနောက်ပိုင်းဒေသဟောင်း Lauren Belle အပျော်စီးသင်္ဘောပေါ်မှာ အထူးစပါယ်ရှယ် ပိုကာချန်ပီယံလုပွဲကြီး ကျင်းပဖို့ရှိနေပါတယ်။ မဲဗရစ်ခ်ခမျာ သူ့ပါရမီနဲ့ ဖဲဇာတာကို တစ်ချီတည်းစမ်းသပ်ခွင့်ရမယ့် အဆိုပါပြိုင်ပွဲကို တားမနိုင်ဆီးမရ ဝင်ပါချင်နေပါတယ်။ ဒါပေမယ့် ပြိုင်ပွဲဝင်ကြေးက ဒေါ်လာ ၂၅၀၀၀ ဖြစ်တဲ့အတွက် သူ့မှာရှိတဲ့ပိုက်ဆံနဲ့မလောက်လို့ အကြွေးသမားတွေဆီက ပြန်ဆပ်ငွေရဖို့လည်း အဆင်မပြေတဲ့အခါမှာ မဲဗရစ်ခ်တစ်ယောက် ဝင်ကြေးပြည့်မီဖို့ ကြိုးစားရပါတော့တယ်။ အဲ့လိုကြိုးစားရင်း ပြိုင်ပွဲကိုအသွား လမ်းခရီးမှာ လူလိမ်မလေး အန်နာဘယ်လ်၊ နယ်ထိန်းအရာရှိ ဇိန်းကူးပါးတို့နဲ့ ဆုံပြီး ဘယ်လိုတလွဲတွေကြုံကြမလဲ၊ သူ့ရည်ရွယ်ချက်အတိုင်း ပြိုင်ပွဲဝင်နိုင်ပါ့မလား၊ သူတို့ကိုယ်စီရဲ့ လျှို့ဝှက်ရည်မှန်းချက်တွေက ဘာတွေလဲ၊ နောက်ဆုံး ဘယ်သူချန်ပီယံဖြစ်ပြီး ဆုငွေ ဒေါ်လာသန်းဝက်ကို ဘယ်သူနိုင်သွားမလဲဆိုတာတော့ ဆက်လက်ရှူစားကြရမှာဖြစ်ပါတယ်။ Western ရုပ်ရှင်တို့ထုံးစံအတိုင်း သေနတ်ပစ်ခန်းတွေ၊ အင်ဒီးယန်းတွေ၊ မြင်းစီးကောင်းဘွိုင်တွေ ရိုးရာမပျက်ထည့်ပေးထားတဲ့အပြင် ဒီဇာတ်လမ်းမှာတော့ ပိုကာနဲ့ comedy ပိုင်းကို နည်းနည်းအသားပေးပြထားလို့ ဇာတ်ကားအစမှအဆုံးထိ မလွတ်တမ်းကြည့်ဖြစ်သွားမှာပါ။ အက်ရှင်သီးသီး ကောင်းဘွိုင်ဇာတ်လမ်းတွေပဲ ကြိုက်သူတွေအတွက် အဆင်မပြေလောက်ပေမယ့် မင်းသားကြီး Mel Gibson သရုပ်ဆောင်ချက်ကိုကြည့်ရတာနဲ့တင် ကြည့်ပျော်နေပါပြီ။ IMDb rating 7 ရထားပြီး Rotten tomatoes 68% ဖြစ်တဲ့အတွက် ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်ကြောင်း ညွှန်းပါရစေ။ File size…(2.2 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:07:00 Genre…Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.2 GB | Download | |
| 1080p | 2.2 GB | Download | |
| 1080p | 2.2 GB | Download | |
| 1080p | 2.2 GB | Download | |
| 720p | 1.2 GB | Download | |
| 720p | 1.2 GB | Download | |
| 720p | 1.2 GB | Download | |
| 720p | 1.2 GB | Download | |
| 720p | 1.2 GB | Download |