
"ဘာ မင်းက ခွေးမွေးမယ် မင်းလို ကိုယ့်တာဝန်ကိုယ်တောင် မယူနိုင်တဲ့လူကလေ ခွေးတစ်ကောင်မွေးရတာ လွယ်မှတ်နေလား" ဒီစကားတွေကတော့ ခွေးမွေးမယ်လို့ ပြောလိုက်တိုင်း အိမ်မှာ ကြားနေကျ စကားတွေပေါ့။ ဖီးလ်ဒင်း ဆိုတဲ့ ကောင်လေးလည်း အတူတူပါပဲ။ ကံကောင်း ထောက်မပြီး ဘွဲ့ရသွားပေမဲ့ ဘာဆက်လုပ်ရမလဲ မသိသေးတဲ့ စော်ပစ်ကောင်လေးတစ်ယောက်ပေါ့။ အဲဒီလို ဘာလုပ်ရမလဲ မသိတာနဲ့ ခွေးလေးကောက်မွေးလိုက်ရာကနေ တစ်အိမ်လုံး အငြိမ်မနေနိုင်၊ အိမ်ဦးခန်းက အမေ့ဓာတ်ပုံ အာဝုပုံနဲ့ ပြောင်း ချိတ်မယ် ဆိုတဲ့ ဇာတ်လမ်းတွေ ဖြစ်လာပါတော့တယ်။ ဟူးမန်းတွေနဲ့ အာဝုတို့ကြားက ချစ်ခြင်းမေတ္တာသံယောဇဉ်တွေကို အလှပဆုံး ဖော်ကျူးပေးထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး မိသားစု ကြားက ပြဿနာအဖုအထစ်လေးတွေကိုပါ ဖြေရှင်းပြသွားတာမို့ မိသားစုဝင်တွေနဲ့အတူတူ ကြည့်လို့ရတဲ့ ဇာတ်ကားလေးဖြစ်ကြောင်း ပြောကြားရင်းတင်ဆက်ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို May Thet Khine Soe မှရေးသားပေးပြီ၊ ဘာသာပြန်ရေးသားပေးသူများကတော့ Ngwe Zin, May Thet Khine Soe တို့ဖြစ်ပါတယ်) File Size..........(1.49 GB) / (654 MB) / (378 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 35Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Drama, Family Translator.......May Thet Khine Soe, Ngwe Zin Encoder..........Zin Phyo Aung
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |