
Monte Carlo (2011) အဆိုတော် Selena Gomez တယောက် ၁၈ နှစ်အရွယ်လောက်က ရိုက်ကူးထားတဲ့ ရှားရှားပါးပါးချစ်စရာရုပ်ရှင်ကားလေးပါ။ ဆလီနာဂိုးမက်ဇ်အပြင် Katie Cassidy ၊ Leighton Meester တို့လို မမကြီးတွေပါ ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့… Grace (Selena Gomez) ဟာ တက္ကဆက်က ဆင်းရဲတဲ့ စားပွဲထိုးကောင်မလေးတယောက်ဖြစ်ပြီး ပါရီမြို့ကိုအလည်သွားဖို့ဆိုတာ သူမရဲ့အိမ်မက်ဖြစ်ပါတယ်… ဒီလိုနဲ့ အထက်တန်းလဲအောင်မြင်ပြီးတာနဲ့ သူမနဲ့ သူငယ်ချင်း Emma (Katie Cassidy)၊ အစ်မ Meg (Leighton Meester) တို့ဟာ ပါရစ်မြို့ကို အလည်အပတ်ခရီးထွက်ကြပါတယ်။ ဖြစ်ချင်တော့ ပါရီမှာ Grace နဲ့ တထေရာထဲတူတဲ့ သူဌေးသမီး Cordelia Winthrop Scott ကို တွေ့ပြီး မတော်တဆ အစားထိုးဝင်ရောက်သွားတဲ့အခါ တက္ကဆက်က စားပွဲထိုးကောင်မလေးဟာ Monte Carlo က သူဌေးသမီး ဇိမ်ခံဘဝကို တမုတ်ဟုတ်ချင်းရောက်သွားပါတော့တယ်။ “တစ်ခါတလေ လူတစ်ယောက်ရဲ့ဘဝကို ခဏနေကြည့်ဖို့ လိုတယ်… ဒါမှ ကိုယ့်ဘဝကို ပိုတန်ဖိုးထားတတ်မယ်” 💖 ခရီးသွား စွန့်စား ချစ်စရာ ဟာသ ရိုမန့်ဇာတ်ကားဖြစ်တာနဲ့အညီ ပါရီနဲ့ Monaco ရဲ့ လှပတဲ့မြင်ကွင်းတွေနဲ့ အလွဲလွဲအချော်ချော် မင်းသမီးချော မင်းသားချောလေးတွေနဲ့ ချစ်စရာရုပ်ရှင်ကားလေးဖြစ်ပါတယ်။
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 3.5 GB | Download | |
| 1080p | 3.5 GB | Download | |
| 1080p | 3.5 GB | Download | |
| 720p | 1.5 GB | Download | |
| 720p | 1.5 GB | Download | |
| 720p | 1.5 GB | Download | |
| 720p | 1.5 GB | Download | |
| 720p | 1.5 GB | Download |