
Miracle in Cell No. 7 ဆိုတာနဲ့ မြန်မာနိုင်ငံမှာ လူသိများတဲ့ ပတ်ရှင်ဟေးရဲ့ ဇာတ်ကားဆိုတာသိကြမှာပေါ့။ ဒီဇာတ်ကားက နာမည်ကြားတာနဲ့တင် လူတွေအားလုံးသိကြတဲ့အထိ အောင်မြင်မှုရခဲ့သလို Remake တွေပါ ထပ်ထပ်ရိုက်ရတဲ့အထိ၊ Remake တွေကပါ ဆုတွေကိုသိမ်းပိုက်နိုင်တဲ့အထိ လူတွေရဲ့ရင်ထဲကို အကြိမ်ကြိမ်အခါခါ တိုးဝင်နိုင်တဲ့ ဇာတ်ကားလေးပါ။ အခု Miracle in Cell No. 7 ကတော့ ကိုရီးယားကားမဟုတ်၊ တူရကီ remake မဟုတ်တဲ့ အင်ဒို remake ပါ။ ဒီအင်ဒိုကားမှာတော့ Vino G. Bastian က ဖခင်ဖြစ်သူ ဒိုဒိုရိုဂျာ့ခ်အနေနဲ့ မူရင်းကိုရီးယားဇာတ်ထက် မလျော့စေဘဲ ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ထားပြီး Maya Awards, Festival Film Indonesia တို့မှာလည်း ဆန်ကာတင်စာရင်းဝင် ၊ဆုတွေရခဲ့တာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ဉာဏ်ရည်မမှီတဲ့ သာမန်ပူဖောင်းလည်ရောင်းသူ ဒိုဒိုရိုဂျာ့ခ်ဟာ သမီးဖြစ်သူ ကာသီကာနဲ့အတူ အဖေတစ်ခု သမီးတစ်ခု နေထိုင်ကြတာပါ။ တစ်နေ့မှာ နိုင်ငံရေးသမားတစ်ယောက်ရဲ့ သမီးဖြစ်သူသေဆုံးမှုထဲ ဒိုဒိုတစ်ယောက် ဝင်ပတ်သက်မိရာကနေ မုဒိမ်းမှုနဲ့ လူသတ်မှုပါအဆစ်ရကုန်ပြီး ထောင်ထဲတန်းရောက်ကာ သမီးဖြစ်သူနဲ့ မတွေ့ရတော့တာပါပဲ။ ကိုယ့်သမီးသေသွားတဲ့အတွက် မဲမဲမြင် ထောင်ထဲထည့်ချင်တဲ့ နိုင်ငံရေးသမား၊ မတရားစွပ်စွဲခံရပြီး သမီးနဲ့ရှင်ကွဲကွဲရတဲ့ ဉာဏ်ရည်မမှီတဲ့ လက်လုပ်လက်စားလေး ဒိုဒို၊ သမီးဆုံးရှုံးလိုက်ရတဲ့ ခံစားချက်ကို ကိုယ်ချင်းစာပြီး ဒိုဒိုကိုကူညီပေးတဲ့ ထောင်ပိုင်တို့ရဲ့ မတူညီတဲ့ ခံစားချက်တွေနဲ့ ဖခင်သုံးမျိုးသုံးစားကို မြင်တွေ့ရမယ့်အပြင် ထောင်သားတွေရဲ့ဒိုဒို့အပေါ်ထားတဲ့ အကြင်နာတရားကိုကြည့်ပြီး ကိုယ်ပါ သူတို့နဲ့အတူ ဝိုင်းကူချင်စိတ်ပေါက်သွားစေမယ့် ဇာတ်ကားလေးပါ။ မူရင်းဇာတ်လမ်းသွားကိုမှ အင်ဒိုနီးရှား အငွေ့အသက်တွေနဲ့ဆိုတော့ remake လို့တောင် မခံစားရစေမယ့် ဇာတ်လမ်းမျိုးပါပဲ။ ဒီကားဟာ အရင်ကားတွေလိုမျိုးပဲ ရင်ထဲနင့်စေမယ့်ဇာတ်ကားမျိုးဖြစ်တာကြောင့် တစ်ရှူးလိပ်လေးဆောင်ရင်းကြည့်ဖို့တော့ အကြံပြုချင်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama, Family Quality…. 1080p | 720p | 480p File size… 2.2GB | 1GB | 515MB Format… mp4 Duration…. 2h 25min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Xing Egg Encoder ..... Aaron
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.2GB | Download | |
| 720p | 1GB | Download | |
| 1080p | 2.2GB | Download | |
| 720p | 1GB | Download |