
ဥရောပအလယ်ခေတ်ဇာတ်ကားတွေကို ကြိုက်နှစ်သက်သူတွေအတွက် ဘိုဟီးမီးယန်း(ချက်နိုင်ငံ)မင်းဆက် သမိုင်းဇာတ်လမ်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ ၁၄ရာစုတုန်းက ဘိုဟီးမီးယန်းနယ်မြေရဲ့ အကြီးကျယ်ဆုံး စစ်သူရဲတစ်ယောက်ဖြစ်တဲ့ ယန်ဇစ်ဇကာရဲ့ ကနဦးစွန့်စားခန်းတစ်ခုကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ ၁၄ရာစုနှစ် ချားစ်ဘုရင်-၄ နတ်ရွာစံပြီးနောက် ဘိုဟီးမီးယန်းနယ်မြေတွင်း ဂိုဏ်းဂဏတွေကွဲပြီး ရောမရှိပုပ်ရဟန်းမင်းနဲ့ ပြင်သစ်ဘုရင်လက်အောက်ရှိ ပုပ်ရဟန်းမင်းဆိုပြီး ဘာသာရေးအရပါ ၂ပိုင်းကွဲသွားပါတယ်။ ချားစ်-၄ နတ်ရွာစံပြီးနောက် သားတော်ဖြစ်သူ ဝင်ဆယ်ဆလက်စ် နန်းတက်ရမှာဖြစ်ပေမယ့် ရောမရှိပုပ်ရဟန်းမင်းကြီးဆီမှာ နန်းတက်ပွဲခံပြီးမှသာ ရှင်ဘုရင်သစ်ဖြစ်လာမှာဖြစ်လို့ ဝင်ဆယ်ဆလက်စ်အနေနဲ့ ဘိုဟီးမီးယားနယ်ကနေ ရောမကိုသွားဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ ဝင်ဆယ်ဆလက်စ်ဟာ အခွံသာရှိပြီးအဆံမရှိသူဖြစ်လို့ ကြွေးမှီများစွာတင်နေပြီး ရောမကိုသွားဖို့တောင် ရဲမက်စရိတ် စားစရိတ်ကအစ ချေးငှားရမယ့်အခြေအနေပါ။ သူတို့ချေးငှားနေကျ သူကြွယ်အရှင် ရိုဆင်ဘာ့ဂျ်ကလည်း ချေးငွေထုတ်မပေးတာကြောင့် အကျပ်ရိုက်နေတာပါ။ ဒါကြောင့် ကြံရာမရတဲ့အဆုံး ရိုဆင်ဘာ့ဂျ်ရဲ့ ဇနီးလောင်း လေဒီကတ်သရင်းကို ပြန်ပေးဆွဲပြီး ပြန်ပေးငွေတောင်းဖို့ ကြံပါတော့တယ်။ ပြန်ပေးဆွဲရမယ့်တာဝန်ကတော့ ကြေးစားစစ်သည် ယန်ဇစ်ဇကာရဲ့ တာဝန်ဖြစ်လာပါတယ်။ ဇစ်ဇကာအနေနဲ့ လေဒီကတ်သရင်းကို ပြန်ပေးဆွဲတဲ့ကိစ္စ အောင်မြင်မှာလား၊ အရှင်ဝင်ဆယ်ဆလက်စ်ရဲ့ အကြံအစည်က ထင်သလောက် ရိုးရိုးရှင်းရှင်းနဲ့ ပြီးသွားပါ့မလား။ နောက်ကွယ်က နိုင်ငံရေး ဘာသာရေးအရှုပ်အထွေးတွေကြား ဘယ်လောက်ထိ ပွေလီဦးမလဲဆိုတာ တိုက်ခိုက်ခန်း၊သတ်ဖြတ်ခန်းများများနဲ့ ကြည့်ရှုရမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre..... Action, DrMa, History Quality…. 1080p | 720p | 480p File size… 2GB | 1.1GB | 585MB Format… mp4 Duration…. 2h 6min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2GB | Download | |
| 720p | 1.1GB | Download | |
| 1080p | 2GB | Download | |
| 720p | 1.1GB | Download |