
ဒီဇာတ်ကားဟာ Drama, Romance, Musical ထဲမှာ အတော် အောင်မြင်တဲ့ ရုပ်ရှင်လေးလို့ပဲ ပြောရမှာပါ။ Genre အရ စစချင်းမှာ သိပ်အလေးပေးမခံခဲ့ရပေမဲ့ ရုံတင်ပြသချိန်မှာတော့ ထင်မထားလောက်အောင်ကို ရုံဝင်ငွေ အမြောက်အများ ရရှိခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း ... "Life Is Beautiful" ဆိုတဲ့ ဇာတ်ကားလေးဟာ ဘဝတစ်လျှောက်လုံးမှာ ခင်ပွန်းသည်အပေါ်ကိုပဲ သစ္စာရှိရှိချစ်ခဲ့ပြီး သမီးလေးအတွက် အရာရာပေးဆပ်ရင်း အသက်ရှင်ခဲ့တဲ့ အိုဆယ်ယွန်း ဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။ ကံဆိုးစွာနဲ့ တစ်နေ့မှာတော့ အိုဆယ်ယွန်းတစ်ယောက် သူ လောကကြီးမှာ နေရမဲ့ အချိန် သိပ်မကျန်တော့ဘူးဆိုတာကို သိလိုက်ရပါတယ်။ ဒီအချိန်မှာတော့ တစ်ဘဝလုံး မိသားစုအတွက်ပဲ စိတ်နှစ်မြှုပ်ခဲ့တဲ့ အမျိုးသမီးက သူ့ရဲ့ ခင်ပွန်းဖြစ်သူကို ထူးဆန်းတဲ့ တောင်းဆိုမှု တစ်ခုပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ အချစ်ဦးကို ရှာဖွေပေးဖို့ပါတဲ့။ ဇနီးသည်ရဲ့ နောက်ဆုံး ဆန္ဒဖြစ်နေလေတော့ သူ့ရဲ့ခင်ပွန်းသည်လည်း ငြင်းရခက် လိုက်လျောခက် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်းနောက်ဆုံးမှာတော့ ဒီဇနီးမောင်နှံနှစ်ယောက်ဟာ အိုဆယ်ယွန်းရဲ့ အချစ်ဦး ရှာပုံတော် ဖွင့်ကြပါတော့တယ်။ သူတို့နှစ်ဦးရဲ့ ဒီခရီးစဉ်လေးဟာ ချိုတစ်လှည့် ခါးတစ်လှည့်နဲ့ ဘာတွေဘယ်လိုဖြစ်ကြမလဲ? ဇနီးသည်ရဲ့ အချစ်ဦးကို ရှာဖွေပေးဖို့ အကြောင်းဖန်လာရင်းကနေမှ သူတို့နှစ်ဦးရဲ့ အိမ်ထောင်ရေး နဲ့ အချစ်ရေးက ဆုတ်ယုတ်သွားမလား? သူတို့နှစ်ဦးကြား သံယောဇဉ်တွေ ပိုမို ခိုင်မြဲလာမလား? ဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ။ Cast တွေအနေနဲ့လည်း ~ Seoul Vibe မှာ ရူပါအလန်း သရုပ်ဆောင်အမိုက်စားနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ Wanna One ရဲ့ Ong Seong Wu ... ~ 6/45 မှာ ယွန်းဟီး အဖြစ်ပါဝင်ခဲ့တဲ့ Park Se Wan တို့အပြင် ~ နာမည်ကျော် ဇာတ်ပို့သရုပ်ဆောင်ကြီး Park Yeong Gyu တို့က အားဖြည့်ပါဝင်ထားတာဆိုတော့ သီချင်းကောင်းကောင်းလေးတွေ အခွီလေးတွေနဲ့ ကြည့်ရပျင်းစရာကောင်းတယ်ဆိုတာ ရှိမှာ မဟုတ်ပါဘူး။ File Size : 2.2GB, 883MB, 450MB Quality : 1080p WEB-DL, 720p WEB-DL, 480p Format : mp4 Duration : 2hr & 2mins Genre : Drama, Romance, Musical Translated by Estel, Thynn Miri & Hnin Wai Oo Encoded by Kinnov
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.2GB | Download | |
| 720p | 883MB | Download |