
Killer Influence (2024) Influencer အရှိန်အဝါကြီးသူ(အင်ဖလူအန်ဇာ)တွေဆိုတာ လူမှုကွန်ရက်တွေဖြစ်တဲ့ ဖေ့စ်ဘွက်၊ အင်စတာဂရမ်၊ တင်ဒါ၊ တစ်တော့ခ် စတာတွေကနေ ကုန်ပစ္စည်းတွေကို အခကြေးငွေယူပြီး ကြော်ငြာပေးတာ၊ ရောင်းပေးတာတွေ လုပ်ပေးရသူတွေပါ။ အဲဒီလို လုပ်နိုင်ဖို့ကို သူတို့ကိုယ် သူတို့ နာမည်ကြီးလာအောင် ကိုယ်ပိုင်ဇာတ်နဲ့ ကိုယ်ပိုင်အရည်အချင်းတစ်ခုခုနဲ့ အရင်ဆုံး လူသိများလာအောင် လုပ်ရပါသေးတယ်။ ပရိသတ် အားပေးမှု ကျမသွားအောင်လည်း ထိန်းသိမ်းရပါသေးတယ်။ စိတ်ဖိအားအလွန်များသလို အချိန်ပြည့်လဲ အသစ်အသစ်တွေချပြနိုင်အောင် ဖန်တီးနေရပါတယ်။ အဲဒါအပြင် သူတို့ကို အကြောင်းမဲ့ နာမည်လိုက်ဖျက်တတ်သူတွေ၊ စော်ကားချင်သူတွေ Harasser၊ စွဲလမ်းလွန်ပြီး တကောက်ကောက်လိုက် နှောက်ယှက်တတ်သူ stalker တွေရဲ့ အန္တရာယ်ကလည်း မသေးပါဘူး။ အခု ရုပ်ရှင်မှာတော့ influencer တစ်သိုက် ဖန်တီးမှုအသစ်လုပ်ဖို့ ပြင်သစ်နိုင်ငံ၊ ကျေးလက်ဒေသလေးတစ်ခုကိုသွားပြီး ဗီဒီယိုအသစ်တွေဖန်တီးဖို့သွားခဲ့တာပါ။ ဇာတ်လမ်းပြောဆရာမ အဲလက်စ်က ဦးဆောင်ပြီး သူငယ်ချင်း influencer တွေဖြစ်တဲ့ အကဆရာဆမ် ခေါ် ဆမ်မြူဝယ်၊ နာလာအီးဇီးမိတ်ကပ် ခေါ် နာလာ၊ တကိုယ်တော်မင်းသမီးလေး ၆၉ ခေါ် မာရီတို့အပြင် လူမှုမီဒီယာတောင်မသုံးတတ်တဲ့ သူမရဲ့ချစ်သူ ကာမီးလ်တို့ကို ခေါ်ပြီး သူမပိုင် ကျေးလက်အိမ်လေးတစ်ခုကို သွားခဲ့ပါတယ်။ သူတို့ရိုက်ထားတဲ့ ဗီဒီယိုကို Location ထည့်လိုက်မိရာကနေ အနီးနားက စိတ္တဇ Stalker တစ်ယောက်ကို ဖိတ်ခေါ်မိရက်သားဖြစ်သွားပြီး သူတို့ဖန်တီးနေတဲ့ Horror story ထဲမှာ သူတို့ကိုယ်တိုင် ပါဝင် သရုပ်ဆောင်မိရက်သား ဖြစ်သွားခဲ့ပုံများကို ရှုစားရမှာပါ။ (အမျိုးသမီးချင်း) လိင်ဆက်ဆံခန်း၊ အရက်သေစာ ဆေးဝါးသုံးစွဲမှု၊သတ်ဖြတ်ခန်းများ ပါဝင်ပါသဖြင့် အသက်မပြည့်သေးသူများ ဆင်ခြင်သင့်ပါသည်။ ၂၀၂၀ခုနှစ်ထုတ် The Revolution မင်းသမီး Marilou Aussilloux၊ အစ္စရေး နာမည်ကျော် မင်းသမီး Joy Rieger၊ ပြင်သစ်သရုပ်ဆောင်Ouidad Elma၊Alix Gavoille၊ Lea Julianတို့ ပါဝင်ထားပြီး Abel Dananက ကိုယ်တိုင် ဇာတ်ညွှန်းရေး ဒါရိုက်တာလုပ်ထားတာဖြစ်ပါတယ်။ Jury Prize မှာ အကောင်းဆုံးဇာတ်ကား၊ အကောင်းဆုံးဂီတ နဲ့ Joy Rieger က အကောင်းဆုံးသရုပ်ဆောင်ဆုတွေ ရထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။) File size…(1 GB) / (620 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Mystery, Thriller Duration….01:21:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by T Lone