
ဒီတစ်ခေါက်မှာတော့မင်းသမီးတစ်ယောက်တည်း ရှယ်ကြမ်းပြမဲ့ ပြင်သစ် အက်ရှင်ဇာတ်ကားတစ်ခုကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ လီဆာဟာ မကြာသေးခင်ကမှ သားဖြစ်သူကိုဆုံးရှုံးထားရတာကြောင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်နေရတဲ့ ပြင်သစ်အကြမ်းဖက် တိုက်ဖျက်ရေးတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးပါ။ သူ့ခင်ပွန်းဖြစ်သူ အဲရစ်ဟာလည်း သူ့လို အေးဂျင့်တစ်ဦးဖြစ်တာမို့ နိုင်ငံရပ်ခြားမှာ စစ်ဆင်ရေးတွေသွားရောက်ဆောင်ရွက်နေရသူပါ။ တစ်နေ့မှာ လီဆာရဲ့ ခင်ပွန်းဖြစ်သူ အဲရစ်ဟာ ဘရာဇီးနိုင်ငံ ရီယိုမြို့ရဲ့ ပြင်သစ်သံရုံးရှေ့မှာ သေနတ်နဲ့ ပစ်သတ်တာခံလိုက်ရပါတယ်။ သားဖြစ်သူကိုဆုံးရှုံးထားရပြီး တစ်ဦးတည်းသောကျန်တဲ့ ခင်ပွန်းကလည်း အသတ်ခံလိုက်ရတော့ လီဆာလည်း အရူးမီးဝိုင်း သလိုဖြစ်တော့တာပါပဲ။ ဒီလိုနဲ့ သူ့ခင်ပွန်းအတွက်လက်စားချေဖို့ ဘရာဇီးကိုလိုက်သွားပြီး တစ်စတစ်စစုံစမ်းရင်းကနေမှ မထင် မှတ်ထားဘဲ လူပေါင်းများစွာကို အသက်အန္တရာယ်ပေးနေတဲ့ နောက်ကွယ်ကအမှုကြီးတစ်ခုကို သိရှိသွားရပါတော့တယ်။ လီဆာတစ်ယောက်တည်း တစ်ဆင့်ပြီးတစ်ဆင့် ဖော်ထုတ်ရင်းနဲ့ နောက်ကွယ်ကကြိုးကိုင်ထားတဲ့ လက်မည်းကြီးကို လက်စားချေဖို့ ကြိုးပမ်းပုံကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီတော့ အဲရစ်ကဘာကြောင့်သေသွားရတာလဲ၊ အံ့ဩလောက်စရာ အမှုကြီးကရော ဘာများဖြစ်မလဲ၊ ဒီကိစ္စကိုဘယ်သူက ကြိုးကိုင် ထားပြီး ဘယ်သူတွေပါဝင်ပတ်သက်နေမလဲဆိုတာကို ဇာတ်လမ်း ထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.44GB) / ( 835MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 36m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse