
Isle of Dogs (2018) IMDb - 7.9/10_____Rotten - 90% ဒီဇာတ်လမ်းလေးအကြောင်းကို စမပြောခင် Animation ရဲ့ Graphic ပုံစံဟာ မြင်တွေ့နေကြပုံစံမျိုးမဟုတ်ပါဘူးလို့ စကားဦးခံထားပါရစေ ဘာလို့လဲဆိုတော့ ဘာသာပြန်ဖို့စကြည့်တဲ့အချိန်မှာ မိမိကိုယ်တိုင်လည်း ဘယ်လိုကြီးလဲဆိုပြီး အတွေးဝင်မိလို့ဖြစ်ပါတယ် ဒါပေမယ့် ဒီကားဟာ IMDb 7.9 တောင်ရရှိထားပြီး အသံသရုပ်ဆောင်တွေကလည်း ထိပ်ထိပ်ကြဲတွေဖြစ်တဲ့ Scarlett Johnson တို့ Breaking Bad ကမင်းသားကြီး Bryan Cranston တို့ Bill Murray တို့ပါဝင်သရုပ်ဆောင်ထားကြဖြစ်လို့ ပေါ့သေးသေးတော့မဟုတ်ပါဘူး ကဲ ဇာတ်လမ်းအကြောင်း ဆက်လိုက်ကြရအောင် လွန်ခဲ့တဲ့ ရာစုနှစ်ဆယ်စုစာတုန်းက ခွေးတွေဟာ လူတွေရဲ့ အမိန့်ကို နာခံတတ်ကြတဲ့ အိမ်မွေးတိရစ္ဆာန်တွေမဟုတ်ကြပါဘူး အဲ့အချိန်မှာ ခွေးမုန်းတီးရေးဝါဒီကိုဘာယားရှီမျိုးနွယ်တွေဟာ ခွေးတို့ိကို စစ်အင်အားအလုံးအရင်းနဲ့ဝင်တိုက်ပါတော့တယ် အဲ့အချိန်မှာ ခွေးတွေဘက်က ရပ်တည်ပေးတဲ့ သူရဲကောင်းကလေးတစ်ဦး ပေါ်ပေါက်လာတာတော့တယ် ခွေးတွေကတော့ လူတွေရဲ့ အိမ်မွေးတိရစ္ဆာန်တွေဖြစ်လာပါတယ် နောက်နှစ် နှစ်ဆယ်ကြာလာတဲ့အခါ ခွေးတုပ်ကွေးရောဂါပြန့်ပွားမှုဟာ ပြင်းထန်တဲ့အဆင့်ကို ရောက်ရှိနေပါတယ် အဲ့အချိန်မှာ ခွေးမုန်းတီးတဲ့ ကိုဘာယားရှီအာဏာပိုင်တွေဟာ ရောဂါပိုးကူးစက်ခံထားရတဲ့ ခွေးတွေကို အမှိုက်ကျွန်းကို ပို့ပစ်ပါတော့တယ် ကိုဘာယားရှီရဲ့တူဖြစ်သူ အာတာရီရဲ့ ခွေးလေး စပေါ့ကိုပါ ပို့ပစ်လိုက်တဲ့အတွက် အာတာရီဟာ လေယာဉ်တစ်စီးကိုခိုးပြီး အမှိုက်ကျွန်းကို သွားပါတော့တယ် အမှိုက်ကျွန်းမှာ လမ်းဘေးခွေးချိဖ်တို့တစ်အုပ်နဲ့တွေ့ပြီး စပေါ့စ်ရှာဖွေရေးကြီးစတင်ပါတော့တယ် လမ်းခရီးတစ်လျှောက် ဘာတွေဆက်ဖြစ်မလဲ စပေါ့စ်ကိုပြန်တွေ့ပါမလား ခွေးတွေကို အမြစ်ဖြတ်သုတ်သင်ချင်နေတဲ့ အာဏာပိုင်တွေကိုရော တားဆီးနိုင်ပါ့မလားဆိုတာကို ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ် သခင်ဆိုတာကို အယုံအကြည်မရှိတဲ့ ချိပ်တစ်ကောင် အာတာရီကို ဘယ်လိုသံဃောဇဉ်တွယ်သွားမလဲ Man and his best friend လို့တင်စားရတဲ့ လူနဲ့ခွေးကြားက မေတ္တာတရားကို ခံစားကြည့်ရှုရမှာမလို့ ခွေးချစ်သူတွေအတွက် ကြည့်လို့ကောင်းမယ့်ကားလေးတစ်ကားပါပဲလို့ ပြောကြားလိုက်ပါရစေ (ဘာသာပြန်သူကတော့ မေမြတ်သူပါ) File Size : (800 MB) Quality : Blu-Ray 720p Running Time : 1hr 41min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-DRONES Translated by May Myat Thu Encoded by Thanhtike Zaw
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |