
ဂျိမ်းစ်နဲ့ ဂက်ဘီတို့ လင်မယားဟာ စာရေးဆရာ ဂျိမ်းစ် .. သူ့ရဲ့ နောက်ထွက်မယ့် စာအုပ်အတွက် ပြည်ပနိုင်ငံက ကျွန်းတစ်ကျွန်းကို အလည်အပတ် ထွက်လာခဲ့ကြတယ် အဲဒီမှာ ဂျိမ်းစ်တစ်ယောက် သူ့ရဲ့ စာဖတ်ပရိသတ်လင်မယား နှစ်ယောက်နဲ့ ဆုံမိခဲ့ရာကညစာတွေအတူစားရင်း ခင်မင်သွားတယ်.. တစ်ခုရှိတာက သူတို့သွားတဲ့ နိုင်ငံဟာ တိုးတက်မှုမရှိ ယဉ်ကျေးမှု မရှိတဲ့ နေရာဖြစ်လို့ ရာဇဝတ်မှုတွေ မကြာခဏဆိုသလို ဖြစ်သလို .. ခရီးသည်သဘောမကျတဲ့ နယ်ခံတွေကခရီးသည်တွေကို ပစ်မှတ်ထားတတ်တဲ့ အရပ်ဒေသလည်းဖြစ်တယ် ... ဒါကို မဆင်မခြင်နဲ့ စုံတွဲနှစ်တွဲ ကားတစ်စီးငှား သောက်စားမူးရူးပြီး အပြန်လမ်းမှာ နယ်ခံတစ်ယောက်ကို ကားနဲ့တိုက်ပြီးပြေးတယ် ... ဒါပေမဲ့ ဟိုလင်မယား ချောက်ချမှုကြောင့် စာရေးဆရာလင်မယား ဒုက္ခလှလှတွေ့သွားတယ် နိုင်ငံရဲ့ ဥပဒေအရ .. လူသတ်မှုကျူးလွန်ရင် တရားခံကို သေတဲ့သူရဲ့ သားဖြစ်သူက သတ်ခွင့်ရှိပြီး သားမရှိရင် နိုင်ငံတော်က ကွပ်မျက်ပေးတယ် .. ဒီတော့ လူပေါင်းမှားတဲ့ ဂျိမ်းတစ်ယောက် ကူညီရာမဲ့ဖြစ်နေချိန်မှာ သရက်ရှ်ဆိုတဲ့ စုံထောက်ဟာ ကမ်းလှမ်းချက်တစ်ခု လုပ်လာတယ် .. ဒါကတော့ သူတို့မှာသာ ငွေအလုံအလောက်ရှိရင် သူတို့ သေတာကို သူတို့ကိုယ်တိုင် ပြန်ကြည့်ခွင့်ရှိမယ်ဆိုတဲ့ စကားပါ .. ဒီလိုနဲ့ မသေရင်ပြီးရော ဘုမသိဘမသိ ကမ်းလှမ်းချက်ကို လက်ခံလိုက်တဲ့ ဂျိမ်းစ်တစ်ယောက် မေ့မျောသွားရာမှ ပြန်နိုးလာတဲ့အခါ .. File size…1.9GB / 734.1MB / 3.94GB Quality…WEB-DL 1080p 5.1CH / 720p / 4K Format…mp4 Duration….1h 57m Genre ..... Crime , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Act Molemy ~ Kasashi ~ TmmT