
“မကြာသေးခင်က ကျွန်မတို့ရပ်ကွက်မှာ ထူးဆန်းတဲ့ကောလဟာလတစ်ခု စပျံ့လာခဲ့တယ်။ သူများတကာရဲ့အိမ်ထဲကိုမသိအောင်ဝင်ပြီး တိတ်တိတ်လေးပုန်းပြီးနေတဲ့ ကျူးကျော်သူတွေအကြောင်းပေါ့။” အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ “ဆွန်းဆူ” က “မင်ဂျီ” လို့ခေါ်တဲ့ ဥစ္စာပေါရုပ်ချောဇနီးသည်ရယ် သားတစ်ယောက် သမီးတစ်ယောက်ရယ်နဲ့ ပြီးပြည့်စုံတဲ့မိသားစုဘဝကို ပိုင်ဆိုင်ထားသူပါ။ ခေတ်မီဆန်းသစ်တဲ့တိုက်ခန်းအကောင်းစားမှာနေထိုင်ပြီး လိုလေးသေးမရှိတဲ့ဘဝကိုပိုင်ဆိုင်ထားတဲ့ “ဆွန်းဆူ” က တကယ်တော့ သူဌေးရဲ့မွေးစားသားတစ်ယောက်ပါ။ သားအရင်းဖြစ်သူ မွေးစားအစ်ကိုရဲ့အမွေတွေအားလုံးကိုမောင်ပိုင်စီးပြီး အခုလိုချမ်းချမ်းသာသာနေနေတဲ့ “ဆွန်းဆူ” ဆီကို တစ်နေ့မှာတော့ အဆက်အသွယ်ပြတ်တာကြာပြီဖြစ်တဲ့ အစ်ကိုဖြစ်သူရဲ့ပျောက်ဆုံးမှုနဲ့အတူ ပဟေဠိဆန်တဲ့ဖြစ်ရပ်တွေ ရောက်လာပါတော့တယ် ။ အတိတ်ကအမှားတွေကိုနောင်တရပြီး အစ်ကို့ကိုရှာချင်တဲ့ “ဆွန်းဆူ” တစ်ယောက် အစ်ကိုဖြစ်သူနေတဲ့တိုက်ကို ရောက်သွားရာကနေ ဘယ်လိုမူမမှန်မှုတွေကို ကြုံတွေ့ရမလဲ .. ပျောက်ဆုံးနေတဲ့အစ်ကိုနဲ့ ပြန်တွေ့ခွင့်ရပါ့မလား .. သူ့အစ်ကိုနေတဲ့တိုက်က မူမမှန်မှုတွေရဲ့အရင်းခံက ဘာအကြောင့်ဖြစ်နေတာလဲ .. ဘယ်လိုလူတွေကြောင့်ဖြစ်နေရတာလဲ .. စတာတွေကို အသည်းတအေးအေးကြည့်နိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre..... Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.4GB | 660MB | 331MB Format… mp4 Duration…. 1h 47min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lai Laii Encoder ..... August
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.4 GB | Download | |
| 1080p | 1.4 GB | Download | |
| 720p | 660 MB | Download | |
| 720p | 660 MB | Download |