
ဒီတစ်ခါမှာတော့ Adventure အမျိုးအစားကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့ကို ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက် ပေးပါဦးမယ်။ ဇာတ်ကားနာမည်ကတော့ Hidalgo လို့ခေါ်ပြီး ၂၀၀၄ ခုနှစ်တုန်းက ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့ ထူးခြားချက်ကတော့ အမေရိကန် မြင်းစီးသမား Frank Hopkins နဲ့ သူ့မြင်း Hodalgo ရဲ့ ဖြစ်ရပ်မှန်ကို ဇာတ်လမ်းပြန်ရိုက်ထားတာပါ။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် Frank Hopkins နဲ့ သူ့မြင်းက Buffalo Bill ဆိုသူရဲ့ Wild West show မှာ အကြမ်းခံနိုင်ဆုံး မြင်းစီးသမားအဖြစ် ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနာမည်ကို အာရပ် လူမျိုးတွေ ဖြစ်ကြတဲ့ ရှိတ်မိသားစုက သဘောမကျကြပါဘူး။ ဘာလို့လဲဆိုတော့ အတော်ဆုံးမြင်းစီးသမားနဲ့ အကောင်းဆုံးမြင်းက သူတို့ဆီမှာပဲ ရှိတယ်လို့ ယူဆကြလို့ပါ။ ဒါကြောင့်မလို့ ရှိတ်မိသားစုက Frank Hopkins ကို "မီးပင်လယ်"လို့ခေါ်တဲ့ ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ပြိုင်ပွဲကို အနိုင်ရရှိသူက ဆုကြေးငွေအနေနဲ့ အမေရိကန်ဒေါ်လာ ၁ သိန်း အနိုင်ရမှာပါ။ ပိုကောင်းတဲ့အနာဂတ်ကို ရရှိဖို့အတွက် Frank Hopkins တစ်ယောက် ပြိုင်ပွဲဝင်ဖို့ အကြောင်းဖန်လာပါတော့တယ်။ ပြိုင်ပွဲက မိုင် ၃၀၀၀ ခရီး ဖြစ်ပြီးတော့ အလွန်ကြမ်းတဲ့ပွဲလို့တောင် ပြောလို့ရပါတယ်။ အကြောင်းရင်းကတော့ သဲကန္တာရထဲမှာ ပြိုင်ရတာ ဖြစ်ပြီးတော့ သဲမုန်တိုင်းဒဏ်၊ ရေငတ်မှုဒဏ်တွေအပြင် သဲဝဲတွေ၊ အချင်းချင်း ကောက်ကျစ်မှုတွေကိုပါ ကြုံတွေ့ရမှာမလို့ပါ။ Frank အနေနဲ့ ပွဲနေရာကို စရောက်ချိန်မှာ အထင်သေးမှုတွေအများကြီးကို ကြုံရပါတော့တယ်။ အမေရိကန်လူမျိုးက ရောင်စပ်မြင်းနဲ့ လာပြိုင်တယ်ဆိုပြီး လှောင်ပြောင် ကြတာပေါ့။ Frank Hopkins အနေနဲ့ အာရေးဘီးယန်းတွေရဲ့ အကောင်းဆုံးမြင်းတွေကို ကျော်နိုင်ပါ့မလား။ ပြိုင်ပွဲအတွင်းမှာရော ပြိုင်ဖက်တွေရဲ့ ဘယ်လိုနှောင့်ယှက်မှုတွေကို ကြုံတွေ့ရမလဲ။ ပြိုင်ပွဲကို အနိုင်ရပြီး ဆုကြေးငွေတွေကိုရော ရသွားနိုင်မလားဆိုတာကိုတော့ Hidalgo ဆိုတဲ့ ဒီဇာတ်ကားထဲမှာ ကြည့်ရှုလိုက်ကြပါနော်။ File size…2.1GB / 1.1GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 16m Genre ..... Action , Adventure , Biography Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Elizabeth Khant
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.1GB | Download | |
| 720p | 1.1GB | Download | |
| 1080p | 2.1 GB | Download | |
| 720p | 1.1GB | Download |