
Gurren Lagann the Movie: Childhood’s End (2008) ==================================== 2008 ခုနှစ်က ထွက်ရှိခဲ့တဲ့ Sci-fi Anime လေးပဲဖြစ်ပါတယ်။ Action mecha anime ဖြစ်တဲ့အပြင်ကိုမှ Art style နဲ့ Animation quality အရမ်းကောင်းပြီး Screen transition တွေ Smooth ဖြစ်တဲ့အချက်နဲ့ပါ နာမည်ကြီးခဲ့တဲ့ Anime movie တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဇာတ်အိမ်ကောင်းမွန်မှုကြောင့် Netflix ရဲ့ Second Best Anime လည်း ဖြစ်ခဲ့ပါသေးတယ်။ ” ကောင်းကင်ဘုံကိုဖောက်မယ့်လွန်သွား ” ဆိုတာကတော့ ….. Giha ရွာက အညတရ မိဘမဲ့လေး Simon ကို ညီအစ်ကိုလိုနေလာတဲ့ ဘဝတူချဉ်ဖတ် Kamina အားပေးနေကျစကား။ လူသားတွေအားလုံး မြေပြင်ပေါ်ကနေ အပြီးအပိုင်နှင်ထုတ်ခံလိုက်ရပြီး မြေအောက်မှာပဲ တွင်းတွေတူး၊ ရွာလေး တွေတည်ပြီးနေနေကြရတဲ့ အကြောင်းအရင်းကို ဘယ်သူမှသေချာမသိကြ ပါဘူး။ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ” မြေပေါ်ကို တက်လို့မဖြစ်ဘူး ” ဆိုတဲ့ အမှာစကားတစ်ခုပဲ ကျန်ခဲ့တဲ့အပြင် ဘယ်သူကမှလည်း ရွာရဲ့မျက်နှာ ကျက်ကိုဖောက်ပြီး ဘာတွေရှိမှန်းမသိတဲ့ မြေမျက်နှာပြင်ဆိုတာကြီးပေါ်ကို တက်ဖို့စိတ်ကူးမရှိကြပါဘူး။ အကြောင်းအရင်း ဂဃနဏမသိရဘဲ မရှိတဲ့အရာကို မှန်းကြောက်ပြီး မြေအောက် ထဲမှာပဲ ပိန်းပိတ်ပုန်းကွယ်နေရတဲ့ဘဝကနေ လွတ်မြောက်ဖို့ကြိုးစားနေတာ ကတော့ Kamina ပါ။ Kamina တစ်ယောက် ဘာမထီလောင်းကျော်လုပ်လို့ ကောင်းနေပေမယ့် Simon ကတော့ ငလျင်ကြောင့် မိဘတွေကို ဆုံးရှုံးလိုက်ရသူ ပီပီ စိတ်ဒဏ်ရာကြီးသလို အကြောက်လည်းကြီးပါတယ်။ တစ်နေ့မှာတော့ Simon လွန်သွားကိုအားကိုးပြီး မြေပေါ်ကိုဖောက်တက်ဖို့လုပ်လို့ ရွာလူကြီးနဲ့ Kamina တို့တစ်သိုက် အချေအတင်ဖြစ်နေတုန်း စက်ရုပ်မျက်နှာကြီးတစ်ခုက ရွာပေါ်ကို ဖောက်ဝင်ချလာပါတော့တယ်။ မျက်စိပိတ်နားပိတ်နေခဲ့ကြရလို့ စက်ရုပ်လား၊ သရဲလားမကွဲဖြစ်နေကြ ချိန်မှာ မြေပေါ်ကနေ လက်နက်ဆန်းနဲ့ မိန်းကလေးတစ် ယောက်ရောက်လာပြီး Kamina တို့နဲ့အတူ စက်ရုပ်ကြီးကို ကူတိုက်ပေးပြီးတဲ့ နောက် မြေပေါ်မှာ ရွာသားတချို့ရှိကြောင်းနဲ့ စက်ရုပ်ကြီးတွေကို “Gunmen” လို့ခေါ်ကြောင်းပါ ပြောပြပါတယ်။ သူစိမ်းမိန်းကလေး Yoko နဲ့အတူ မြေပေါ်ကို လိုက်လာပြီး ကောင်းကင်နဲ့ လေထုကို မြည်းစမ်းကြည့်ဖူးသွားတဲ့ Kamina နဲ့ Simon တို့ လွတ်လပ်မှုအတွက် အားမမျှတဲ့ရန်သူကို တိုက်ထုတ်ရင်းနေသွားကြဖို့ ဖြစ်လာပါတော့တယ်။ ဒီကားလေးနဲ့ Genre တူ “Gundam” နဲ့ “Darling in the franxx” fan တွေ ကြိုက် နှစ်သက်ကြလောက်မယ့် Movie လေးဖြစ်လို့ Brotherhood ၊ Romance ၊ Action နဲ့ Comedy ရသစုံတဲ့ Sci-fi လေးကို Try ကြည့်ကြဖို့ Recommend ပေးချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size……….(2.08 GB) / (890 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 52Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Action, Comedy Translator…….Hnin Wut Yi Encoder……….SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.08 GB | Download | |
| 1080p | 2.08 GB | Download | |
| 1080p | 2.08 GB | Download | |
| 1080p | 2.08 GB | Download | |
| 1080p | 2.08 GB | Download | |
| 720p | 890 MB | Download | |
| 720p | 890 MB | Download | |
| 720p | 890 MB | Download | |
| 720p | 890 MB | Download | |
| 720p | 890 MB | Download |