
ကလေးတွေအတွက် မဟုတ်တဲ့ animation တွေကြည့်ဖူးကြမယ်ထင်ပါတယ်။ ဒီ Mutafukaz လို့ခေါ်တဲ့ animation ကလဲ အဲဒီလိုပါပဲ။ Dark ဖြစ်တယ်၊ အသုံးအနှုန်းတွေရိုင်းတယ်၊ သွေးထွက်သံယိုတွေများတယ်။ Rick and Morty တို့လို show မျိုးတွေကြိုက်တတ်ရင် ကြည့်သင့်တယ်ဗျ။ ဇာတ်လမ်းအနေနဲ့ကတော့ Angelino, Vinz နဲ့ Willy လို့ခေါ်တဲ့ အသွင်မတူ ပုံစံတစ်ယောက်တစ်မျိုးနဲ့ သူငယ်ချင်းသုံးယောက် Dark Meat City လို့ခေါ်တဲ့ ဆိုးဆိုးရွားရွားမြို့မှာနေကြပါတယ် Angelino က အချိုးမပြေလို့ အလုပ်ကမမြဲ၊ Vinz ကကျတော့ သူ့အသွင်ကြောင့် ဘယ်သူမှအလုပ်မခန့်တဲ့ အခြေအနေဖြစ်နေလို့ အတူတူနေကြတဲ့ Vinz နဲ့ Angelino က စီးပွားရေးအဆင်မပြေလှပါဘူး။ ဒီလိုနဲ့ တစ်နေ့မှာ ဆိုင်ကယ်စီးရင်း စော်ငမ်းမိတဲ့ Angelino တစ်ယောက်ဆိုင်ကယ်တိုက်ပြီးတော့ super power တွေရလာပါတော့တယ်။ ဇာတ်လမ်းက အဲဒီမှာ စရှုပ်တာပါ။ spoiler မိမှာဆိုးလို့ ဘယ်လိုရှုပ်တာလဲသိချင်ရင်တော့ ဇာတ်လမ်းကိုပဲ ကြည့်လိုက်ကြဖို့ တိုက်တွန်းပါတယ်ဗျာ။ ပေါက်ကရတွေအရမ်းပြောတဲ့ Willy နဲ့ Vinz ကြောင့်ရော ထူးခြားတဲ့ ဇာတ်လမ်းကြောင့်ရော ကြည့်နေရင်း မပျင်းသွားဖို့တော့ အာမခံပါတယ်။ Rating အနေနဲ့လဲ Animation တစ်ကားအနေနဲ့ IMDB 6.7 ရထားတော့ မဆိုးလှဘူးလို့ ပြောလို့ရပါတယ်။ မှတ်ချက် – ဇာတ်လမ်းက R-rated ဖြစ်တာကြောင့်ရယ် အရသာမပျက်ရလေအောင် မူရင်းအတိုင်း ခပ်ရိုင်းရိုင်း ဘာသာပြန်ထားတာရယ်ကြောင့် ကလေးများကြည့်ရန် အဆင်မပြေပါခင်ဗျာ။ File size… 1.2 GB / 624 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 39m Genre ….. Action , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr Zac
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.2 GB | Download | |
| 1080p | 1.2 GB | Download | |
| 1080p | 1.2 GB | Download | |
| 1080p | 1.2 GB | Download | |
| 1080p | 1.2 GB | Download | |
| 720p | 624 MB | Download | |
| 720p | 624 MB | Download | |
| 720p | 624 MB | Download | |
| 720p | 624 MB | Download | |
| 720p | 624 MB | Download |
ထုတ်လွှင့်သည့်နေ့
May 23, 2018
ကြာချိန်
1h 35m
အဆင့်သတ်မှတ်ချက်
6.7 / 10
Director
Guillaume Renard